Posts

Featured post

Sardar Udham အိန္ဒိယတော်လှန်ရေး ကားကောင်းတစ်ခု

Image
  ကျတော်ဒီနေ့မှာတော့ October 16 က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Sardar Udham ဆိုတဲ့ ဇာတ်ကားကောင်းအကြောင်းပြောပြပေးသွား မှာပါ။  Biography, Crime , Drama အမျိုးအစားပါ IMDb - 9/10 Rotten Tomatoes - 94%  ဒီဇာတ်ကားက အတော်လေးအောင်မြင်နေပြီးတော့ Oscar အတွက်ပါ မှန်းထားကြတာကြောင့် ရသင့်မရသင့်ကို ဝေဖန်သုံးသပ်ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် ရသွားရင်လည်း လက်ခံရအောင် လွဲသွားရင်လည်း ရသွားတဲ့ သူက ဘယ်လောက်ပိုကောင်းသလဲဆိုတာ လေ့လာကြည့်လို့ရပါတယ် ကျတော်ကြည့်ဖြစ်တာကတော့ Rating အကြမ်းကြီးတွေကြောင့်ပါ ကျတော်စမြင်တာ October လကုန်ခါနီးလောက်မှပါ 9.2/10 ဆိုတဲ့ Rating ကြီးကြောင့် တခြားကားတွေထက်ကိုကြည့်ဖို့ဖြစ်လာရတာပါ  ဆိုတော့ Plot လေးနဲ့ စရအောင်ဗျာ Jallianwala Bagh Massacre တနည်းအားဖြင့် Amritsar Massacre လို့အိန္ဒိယသမိုင်းမှာ လို့လူသိများကြတဲ့  အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်တွေ အဖမ်းခံရလို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ကြီး ကို ဗြိတိသျှ ဗိုလ်ချုပ်ရဲ့ အမိန့်ပေးမှုအရ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် ပစ်သတ်ခံရတဲ့ ဖြစ်ရပ်ကြီးကို အခြေခံရင်း  လက်စားချေဖို့ကြိုးစားတဲ့ အိန္ဒိယ လွတ်မြောက်ရေးသ

Finch 2021 အကြောင်း

Image
  November 5 ရက်နေ့ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Tom Hanks ရဲ့  ဇာတ်ကားသစ်လေးအကြောင်းပြောကြမယ်ဗျာ PG-13 IMDb 7.0/10 ဇာတ်လမ်း အမျိုးအစားကတော့ American Post-Apocalyptic Science Fiction Drama အမျိုးအစားပါ Plot လေးနည်းနည်းမိတ်ဆက်ပေးပါမယ်  S olar Flare လို့ခေါ်တဲ့ နေလုံးကြီး အဆမတန် ပူပြင်းပေါက်ကွဲလာလို့ ကမ္ဘာကြီးပျက်ရတဲ့ အကြောင်းအရင်းခံကာ    ငယ်ငယ်ကသင်ခဲ့ဖူးကြတဲ့ ကမ္ဘာကြီးကို ကာပေးထားတဲ့ အလွှာကြီးတွေထဲကမှ  အိုဇုန်းလွှာကြီး ပျက်စီးသွားပြီး ကမ္ဘာပေါ်ကို ခရမ်းလွန်ရောင်ခြည် တွေ ပြင်းထန်စွာကျရောက်လာတော့ လူသားတွေအတွက် အကုန်ဒုက္ခရောက်ကုန်ပြီး ကမ္ဘာပျက်ကိန်းကြုံလာတဲ့အခါမှာ ရှင်သန်ဖို့ ရုန်းကန်ကြိုးစားနေတဲ့လူတွေထဲကမှ Finch (ဖင့်ချ်) ဆိုတဲ့ စက်ရုပ် အင်ဂျင်နီယာကြီး ရဲ့  Survival Adventure အကြောင်းကို ဒရာမာဆန်ဆန်ရိုက်ကူးပြထားရင်း ဖင့်ချ် အနေနဲ့ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ် ကျတော့်အမြင်များ  Spoilers တွေအနည်းငယ်ပါမှာပါ . . . ဇာတ်ကားလေးက Characters နည်းပေမဲ့ ကျတော့်အတွက်ရိုးရိုးလေးနဲ့ ကောင်းလှပါတယ် Characters နည်းနည်းလေးနဲ့ ဇာတ်အိမ်တည်တဲ့ ဇာတ်ကားတွေကို ကျတော်သာမန်ထက်ပိုကြိုက်ပါ

Dune မိတ်ဆက် Dune 2021 : Part One အကြောင်း

Image
  လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ DUNE 2021 ကတော့ Part One အနေနဲ့ ထွက်ရှိခဲ့ပါပြီ သို့ပေမဲ့ ဒီလောက်နာမည်ကြီးတဲ့ Science Fiction Film (Sci-fi) ကြီးအကြောင်း မသိကြတဲ့ သူတွေအတွက်ရည်ရွယ်ပြီး ဒီစာကိုရေးလိုက်ပါတယ် IMDb မှာ 8.3/10 ပြေးနေပါတယ် ကျတော်အနေနဲ့ ဒီဂဏန်းတွေဒီမှာပဲ ငြိမ်မယ်လို့တော့ မထင်ပါဘူး 8 ဝန်းကျင်မှာ အပြောင်းအလဲတွေဖြစ်နေအုံးမယ်လို့ ယုံကြည်ပါတယ် DUNE ဆိုတာကတော့ ၁၉၆၅ ခုနှစ်တုန်းကထုတ်ဝေခဲ့ တဲ့  နာမည်ကြီးစာရေးဆရာကြီး Frank Herbert ရဲ့ World's Best Selling Science Fiction Novel တစ်အုပ်ပါ  ခြုံငုံ ပြောပြရရင်တော့  နောင်လာမယ့် နှစ်ပေါင်း ၁ သောင်း ဝန်းကျင် အာကာဿ စကြဝဠာများအတွင်းက နိုင်ငံရေးကို စိတ်ကူးယဉ်အခြေခံရေးသားထားတဲ့ စာအုပ်ပါ (ကျတော့်ဖော်ပြချက်ပြည့်စုံမှုမရှိပါက တောင်းပန်အပ်ပါတယ်) Prequel အနေနဲ့ နောက် ၅ အုပ်ကိုလည်းရေးသားခဲ့ပါသေးတယ် အဆိုပါစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ  ပထမဆုံးအနေနဲ့တော့ ၁၉၇၀ မှာရိုက်ကူးဖို့ စီစဉ်ခဲ့ ပေမဲ့ Budget ပြဿနာကြောင့် Cancel ဖြစ်သွားတယ်လို့ Wiki မှာဖတ်ရပါတယ်  ၁၉၄၈ မှာတော့ ရုပ်ရှင်အနေနဲ့ ထွက်ရှိနိုင်ခဲ့ ပေမယ့် ၁၉၄၈ ရဲ့ အဆိုးဆုံးရုပ်ရှင်စာရင်

Hunter x Hunter သို့မဟုတ် ကြည့်ရတာ တန်တဲ့ Anime Series

Image
  Anime အမာခံ ပရိသတ် တွေအတွက်တော့ Hunter x Hunter က အကောင်းဆုံး Anime တွေထဲက တစ်ခုပါ ၁၀၀ မှာ ၉၀ လောက်ကလည်း ကြည့်ဖူးမှာ အသေအချာပဲ ဖြစ်မှာပါ အဲ့ဒီထဲက ၈၈ ယောက်လောက်က လုံးဝကြိုက်မှာလည်း အသေအချာပဲလို့ ကျတော်ထင်ပါတယ်  ဆိုတော့ ကျတော် ပြောချင်တာကတော့ Anime တွေ ကြည့်ရတာကြိုက်တယ် အခုတလောလည်း ဘာမှ ကြည့်စရာမရှိသေးရင်ပဲဖြစ်စေ  ကောင်းမွန်တဲ့ Anime Series တစ်ခုရှာနေတယ်ဆိုရင်တော့ Hunter x Hunter က ပထမဦးစားပေးထဲမှာ ရွေးချယ်လိုက်ပါလို့ အကြံပေးပါရစေ Rating တွေအနေနဲ့တော့  MyAnimeList.net 9.1/10 IMDb 9/10 Crunchyroll 4.8/5 အသီးသီးပဲဖြစ်ပါတယ် မိတ်ဆက်အကျဉ်း  1999 Version နဲ့  2011 Version ဆိုပြီး ၂ မျိုးရှိပါတယ်  2011 Version ကို Recommend ပေးပါတယ် ကွာခြားချက်ကတော့ Animation quality နဲ့ Episode အရေအတွက်ပါ  တခြားကွာတာတွေလည်း ရှိသေးပေမဲ့ အဓိကကတော့ အဲ့ ၂ ခုပါ Main Characters တွေနဲ့ Villain တွေကအတော်တော်လေး ပြည့်စုံကောင်းမွန်တဲ့ အပြင် Story လည်းအပြစ်မမြင်ရက်လောက်အောင်ကောင်းပါတယ် ဇာတ်လမ်းလေးကတော့ Gon Freecss ဆိုတဲ့ လူငယ်လေးက ငယ်ငယ်ထဲက သူကိုထားပြီး ထွက်သွားပြီး Hunter တစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူ Ging Freecssကိုလို

Marvel What If...? S01 E02 အကြောင်း

Image
  Episode 2 ကတော့ Ep 1 ထက်ကောင်းတယ်ပြောရပါတယ် What If... T'Challa Became Star-Lord? ပါ ကျတော့်အမြင်........ Spoilers တွေပါပါမယ် တီချယ်လာအနေနဲ့ စတားလော့ဒ် ဖြစ်လာပါတယ် ဒီအပိုင်းကို ကြည့်ဖို့ GOTG 1 2 , black panther နဲ့ Infinity War တို့ကို ကြည့်ထားရင်ပိုကောင်းပါတယ် ကျတော်အတွက်ကတော့က အရှေ့မှာပြောထားသလို MCU 24 ကားလုံးကိုပြန်ကြည့်နေတဲ့ အတွက် အတော်လေး အဆင်ပြေပါတယ် Peter Quill အစား T'Challa ကစတားလောဒ်ဖြစ်လာတဲ့ အကြောင်းကတော့ Quillကို Ego က Yondu ကိုခေါ်ခိုင်းရာမှာ Quill အစား TChalla ကို Yondu ရဲ့ အဖွဲ့ သားတွေမှားခေါ်လာတာက နေဖြစ်သွားရတာပါ  T'Challa လေးငယ်ငယ် ဆော့နေတုန်း Wakanda အပြင် မတော်တရောက်သွားတုန်း Ravagers တွေဖမ်းသွားတာပါ အစမှာ GOTG အစ Morag မှာ Power Stone သိမ်းထားတဲ့ ပစ္စည်းကို သွားယူရင်း ဇာတ်ကားထဲတုန်းကတော့ Ronan ရဲ့ တပည့် Korath ကလာတိုက်ယူတဲ့ အခန်းပေါ့  ဒီမှာကတော့ စတားလော့ဒ် က တကယ့်နာမည်ကြီးပါ ဂလက်ဆီရဲ့ ရော်ဘင်ဟုကြီးပေါ့  နောက် Ravagersတွေကဘယ်တော့မှတစ်ယောက်ထဲမဟုတ်ဘူးပြောရင်း Yondu ရောက်လာပြီး အဆင်ပြေသွားတယ်ပေါ့ နောက် Scene ကတော့ပါးစပ်အဟောင်းသားဖြစ်စရာတွေပါလာပါပြီ ခုနပြေ

Marvel What If...? S1 E1 အကြောင်း

Image
  ကဲ ဒီနေ့တော့ What IF...? ထွက်လာပါပြီ  DC ရဲ့ Suicide Squad 2 လေးအကြောင်း ချီးမွမ်းနေကြတုန်း Marvel က ပြန်လာပါပြီ Trailer တွေကြည့်ကြပြီးကတည်းက ဒီ Series လေးက အတော်စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ကြေးပေးခံရဆုံးလေးပါ အခုတော့ လာပါပြီ Episode 1 အကြောင်းစကြတာပေါ့ဗျာ ကျတော့်အမြင် ဥာဏ်မှီသလောက်သာရေးထားပါတယ်........... Spoilers တွေပါမှာပါ ......... Episode 1 ကတော့ Captain America The First Avenger ပုံစံဆင်တူပါ ကျတော့်အနေနဲ့ MCU ကား၂၄ ကားကို အခုတလောပြန်ကြည့်နေတော့ အများကြီး ဆက်စပ် မှုတွေကို ခံစားရပါတယ်  Captain America The First Avenger ထဲကအတိုင်း ဟောင်းဝပ် စတာ့ခ် က စတိကို Super soldier serum ထိုးပေးခြင်း စခါနီးမှာ Movie နဲ့ မတူတာက တချို့ Event လေးတွေ စောဖြစ်လိုက်တာကနေ အကုန်ပြောင်းလဲကုန်ပါတယ် အားလုံးမှတ်မိမယ် ထင်ပါတယ် ဇာတ်ကားထဲမှာ စတိကို Serum ထိုးပြီးမှ ပေါက်ကွဲ မှုဖြစ်ပြီး Serum sample တစ်ခု အလုခံလိုက်ရတာပါ  ဒီ Series ထဲ မှာတော့  စတိကို Serum ထိုးတာမစခင်မှာ အရင်ပေါက်ကွဲသွားပြီး စတိလည်း သေနတ်နဲ့ အပြစ်ခံလိုက်ရပါတယ် အေးဂျင့်ကာတာက Hydra spy ကို သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ် Experiment စနေပြီဖြစ်တဲ့ အ

The Suicide Squad 2021

Image
  ကဲဗျာ မရေးဖြစ်တာတော်‌တော်ကြာသွားပြီဗျာ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ဖြစ်နေလို့ပါ  ဆိုတော့ အခုတော့ တော်တော်သက်သာပြီမို့ ပြန်ရေးတော့မယ်လုပ်နေရင်း သောက်တလွဲစကွက် ထွက်တာနဲ့ ကွက်တိတိုးတော့ အံကိုက် ဖြစ်သွားတယ်ဗျာ  ဆိုတော့ ဇာတ်ကားအကြောင်းစမယ်ဗျာ........ ဘာမှမပြောခင် တစ်ခုပြောမယ်ဗျာ Suicide Squad 2 ကတကယ်ကြီးကောင်းတာဗျ ဆိုတော့ မကြည့်ရသေးရင်သွားကြည့်ဗျာ Suicide Squad 1မကြည့်ဖူးလည်းကြည့်လို့ အဆင်ပြေတယ် R Ratedတော့ သတ်မှတ်ထားပါတယ် ဆိုတော့ နည်းနည်းပါးပါး ကြမ်းကြမ်းရမ်းရမ်း သွေးသံရဲရဲ လေးတွေ နည်းနည်းပါပါတယ်ဗျ Marvel ကတော့ Series တွေနဲ့ ကြီးစိုးနေတုန်း DC ကတော့ ဒီကားလေးနဲ့ ပြန်ဖိုက်လိုက်ပါတယ်ပေါ့ ခိခိ  ကျတော့် အမြင် ( ဥာဏ်မှီသလောက်သာရေးထားပါတယ်)  Spoilers တွေပါပါမယ် ကျတော်တောင် နည်းနည်း နောက်ကျသွားလို့ နည်းနည်း မိသွားပါသေးတယ် . .  DC ရဲ့ မှောင်မိုက်သော ကမ္ဘာကြီး ထဲက မဟုတ်တဲ့ အရောင်အသွေး စုံတဲ့ ဇာတ်ကားပါ စုံဆို Guardians of The Galaxy ရဲ့ ဒါရိုက်တာ James Gunn ကရိုက်ထားတာပါ Disney နဲ့ ဘာညာ ကွိကွ ဖြစ်နေချိန် WB ကကောက်စားလိုက်တယ် ထင်ပါတယ် စိတ်ကြိုက်ရိုက်ခွင့်ပေးထားသလားကို ထင်ရပါတယ်  Task Force X လို့ခေါ်တ