Sardar Udham အိန္ဒိယတော်လှန်ရေး ကားကောင်းတစ်ခု

 


ကျတော်ဒီနေ့မှာတော့ October 16 က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Sardar Udham ဆိုတဲ့ ဇာတ်ကားကောင်းအကြောင်းပြောပြပေးသွား မှာပါ။ 

Biography, Crime , Drama အမျိုးအစားပါ

IMDb - 9/10

Rotten Tomatoes - 94%

 ဒီဇာတ်ကားက အတော်လေးအောင်မြင်နေပြီးတော့ Oscar အတွက်ပါ မှန်းထားကြတာကြောင့် ရသင့်မရသင့်ကို ဝေဖန်သုံးသပ်ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် ရသွားရင်လည်း လက်ခံရအောင် လွဲသွားရင်လည်း ရသွားတဲ့ သူက ဘယ်လောက်ပိုကောင်းသလဲဆိုတာ လေ့လာကြည့်လို့ရပါတယ်

ကျတော်ကြည့်ဖြစ်တာကတော့ Rating အကြမ်းကြီးတွေကြောင့်ပါ ကျတော်စမြင်တာ October လကုန်ခါနီးလောက်မှပါ 9.2/10 ဆိုတဲ့ Rating ကြီးကြောင့် တခြားကားတွေထက်ကိုကြည့်ဖို့ဖြစ်လာရတာပါ 

ဆိုတော့ Plot လေးနဲ့ စရအောင်ဗျာ

Jallianwala Bagh Massacre တနည်းအားဖြင့် Amritsar Massacre လို့အိန္ဒိယသမိုင်းမှာ လို့လူသိများကြတဲ့  အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်တွေ အဖမ်းခံရလို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ကြီး ကို ဗြိတိသျှ ဗိုလ်ချုပ်ရဲ့ အမိန့်ပေးမှုအရ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် ပစ်သတ်ခံရတဲ့ ဖြစ်ရပ်ကြီးကို အခြေခံရင်း  လက်စားချေဖို့ကြိုးစားတဲ့ အိန္ဒိယ လွတ်မြောက်ရေးသမားရဲ့  ကြိုးပမ်းမှုကို ရိုက်ကူးပြထားတာပါ

Udham လို့ခေါ်တဲ့ အိန္ဒိယ လူငယ်လေးဟာ Amritsar မြို့လေးက ချည်မျှင်စက်ရုံမှာလုပ်ကိုင်နေသူလေးပါ  သူ့ရဲ့ ဆွံ့အ နေတဲ့ ချစ်သူလေးနဲ့ ပျော်ပျော်ရွှင်ဖြတ်သန်းနေတဲ့ သူပေါ့  ၁၉၁၉ ဧပြီ ၁၃ မှာတော့ ဗြိတိသျှ လက်ဖတင်နင် O'Dwyer က အားကောင်းလာတဲ့ တော်လှန်ရေးဆန္ဒပြမှုတွေထပ်မဖြစ်လာအောင် ပြည်သူတွေကြောက်ရွံ့သွားအောင် ဥပမာပြဆုံးမဖို့ဆိုပြီး  Jallianwala Bagh ဥယျာဉ်ထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူအုပ်ကြီးကို ချောင်ပိတ်ပစ်မိန့်ပေးပြီး သတ်ဖြတ်စေမှုဖြစ်လာပါတော့တယ် အဲ့သတ်ဖြတ်ပစ်ခတ်ခံရတဲ့ လူအုပ်ထဲမှာ Udham ရဲ့ကောင်မလေးပါအပါအဝင် လူပေါင်း ၃၇၅ ကနေ ၁၅၀၀ ကျော်သေဆုံးပြီး ၁၂၀၀ ကျော် ဒဏ်ရာရခဲ့ကြရပါတယ် Udham ကတော့ အလုပ်ပင်ပန်းထားတာကြောင့် မသွားဘဲနေဖို့ဖြစ်နေပါတယ် ညနေစောင်းမှ Udham ရဲ့ သူငယ်ချင်းတစ်ယောက် သေနတ် ဒဏ်ရာတွေနဲ့ အလူးအလဲပြေးလာမှ တုန်လှုပ်ပြီး အခင်းဖြစ်ရာနေရာကိုသွားရင်းသေလုမျောပါးဖြစ်နေတဲ့ လူနာတွေကို ကယ်တင်ရင်း မကျေနပ်နိုင်မှုများဖြစ်ကာ လက်ဖတင်နင် O'Dwyer ကိုကလှည့်စားချေဖို့ကြိုးစားရင်း ကြုံတွေ့ရတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမယ့် ကားကောင်းပဲဖြစ်ပါတယ်

ဇာတ်ကား ခရေဇီများအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းပါ မင်းသား ဗစ်ကီရဲ့ သရုပ်ဆောင်မှုတွေကလည်း ကောင်းမွန်ပြည့်စုံလှပါတယ် လူအင်အားများစွာနဲ့ Setting ကို ပိုင်ပိုင်နင်းနင်း သုံးထားတဲ့ အတွက်ကြည့်ရတာလည်း လက်တွေ့ဆန်လှပါတယ် ဘောလိဝုဒ် ရိုးရာ အက ဘာညာတွေလည်း မပါပါဘူး အကြိုက်ဆုံးအရာတွေကတော့ ရိုက်ကွင်းနေရာတွေပါ Lighting နဲ့ Soundtrack တွေကလည်း အတော်လေးအားရစရာပါ တခြားကြည့်စရာတွေကတော့ အနောက်နိုင်ငံတွေရဲ့ အမြင်တွေ ခံယူချက် သဘောထားတွေပါ 

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ၂၀၂၁ ရဲ့ အထဲက ဇာတ်ကားကောင်းတစ်ခုပဲလို့ပြောနိုင်ပါတယ် 

ကျတော့် Rating လေးနဲ့ အဆုံးသတ်ချင်ပေမဲ့ ဒီကားကိုတော့ Rating မပေးတော့ပါဘူး လိုအပ်ချက်ပေါင်းများစွာကျန်ရှိမှာပါ မျှော်လင့်မှုနှင့် မကိုက်ညီပါက ခွင့်လွှတ်ပေးပါခင်ဗျား...









Comments

Popular posts from this blog

Finch 2021 အကြောင်း

Hunter x Hunter သို့မဟုတ် ကြည့်ရတာ တန်တဲ့ Anime Series