Finch 2021 အကြောင်း

 




November 5 ရက်နေ့ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Tom Hanks ရဲ့  ဇာတ်ကားသစ်လေးအကြောင်းပြောကြမယ်ဗျာ

PG-13
IMDb 7.0/10

ဇာတ်လမ်း အမျိုးအစားကတော့ American Post-Apocalyptic Science Fiction Drama အမျိုးအစားပါ

Plot လေးနည်းနည်းမိတ်ဆက်ပေးပါမယ် 

Solar Flare လို့ခေါ်တဲ့ နေလုံးကြီး အဆမတန် ပူပြင်းပေါက်ကွဲလာလို့ ကမ္ဘာကြီးပျက်ရတဲ့ အကြောင်းအရင်းခံကာ   ငယ်ငယ်ကသင်ခဲ့ဖူးကြတဲ့ ကမ္ဘာကြီးကို ကာပေးထားတဲ့ အလွှာကြီးတွေထဲကမှ  အိုဇုန်းလွှာကြီး ပျက်စီးသွားပြီး ကမ္ဘာပေါ်ကို ခရမ်းလွန်ရောင်ခြည်တွေ ပြင်းထန်စွာကျရောက်လာတော့ လူသားတွေအတွက် အကုန်ဒုက္ခရောက်ကုန်ပြီး ကမ္ဘာပျက်ကိန်းကြုံလာတဲ့အခါမှာ ရှင်သန်ဖို့ ရုန်းကန်ကြိုးစားနေတဲ့လူတွေထဲကမှ Finch (ဖင့်ချ်) ဆိုတဲ့ စက်ရုပ် အင်ဂျင်နီယာကြီး ရဲ့  Survival Adventure အကြောင်းကို ဒရာမာဆန်ဆန်ရိုက်ကူးပြထားရင်း ဖင့်ချ် အနေနဲ့ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်

ကျတော့်အမြင်များ
 Spoilers တွေအနည်းငယ်ပါမှာပါ
.
.
.
ဇာတ်ကားလေးက Characters နည်းပေမဲ့ ကျတော့်အတွက်ရိုးရိုးလေးနဲ့ ကောင်းလှပါတယ် Characters နည်းနည်းလေးနဲ့ ဇာတ်အိမ်တည်တဲ့ ဇာတ်ကားတွေကို ကျတော်သာမန်ထက်ပိုကြိုက်ပါတယ် ဇာတ်ညွှန်းဆရာတို့ ဒါရိုက်တာတို့ရဲ့ ဖန်တီးချက်တွေကို စေ့စေ့စပ်စပ်မြင်တွေ့ရတယ်လို့ ကျတော်ခံစားရလို့ပါ

Finch အနေနဲ့  Good Year ဆိုတဲ့ခွေးလေး ၁ ကောင်ရယ် Dewey (ဒူဝီ) ဆိုတဲ့ အကူစက်ရုပ်လေးရယ်နဲ့ Lab ဟောင်းတစ်ခုမှာအထီးကျန်စွာနေရင်း ကမ္ဘာပျက်ကြီးမှာ ရှင်သန်ဖို့ကြိုးစားနေရပါတယ်
 UV Protectant Suit ကြီးနဲ့ မြေသယ်ကာကြီးမောင်းပြီး သဲတွေဖုံးနေတဲ့ မြို့ပျက်ကြီးထဲမှာ ရနိုင်သမျှ Supplies တွေရှာရင်းနေထိုင်နေရတာ အတော်ကြာနေပါပြီ UV (ခရမ်းလွန်ရောင်ခြည်) တွေနဲ့ ထိတွေ့ထားတာကြာလွန်းလို့ ကင်ဆာတောင်ရနေပါပြီ လူသူရှားပါတဲ့ ကမ္ဘာပျက်ကြီးထဲ ကုသဖို့ဘာမှ မရှိတာကြောင့် လူလည်းကင်ဆာဒဏ် တော်တော်လေးဆိုးဆိုးဝါးဝါး ခံစားနေရပါပြီ သေတော့မှာနီးကပ်လာတာကိုသိတဲ့ အတွက်ကြောင့် သူမရှိတော့ရင် ခွေးလေးကိုစောင့်ရှောက်ပေးဖို့  A.I နည်းပညာသုံး စက်ရုပ်လေးတစ်ကောင်ကို တီထွင်နိုင်ခဲ့ပါတယ် ထိုစက်ရုပ်လေး သူ့ Function အစုံကိုလုပ်နိုင်ဖို့ ရှိသမျှစာအုပ်တွေကနေ Data တွေ ကူးပြောင်းပေးနေတုန်း 
     တစ်နေ့မှာ  မုန်တိုင်းကြီးတစ်ခုဟာ စတင်လာနေပြီး ရက်ပေါင်း ၄၀ လောက်ကြာမယ်လို့ စက်ရုပ်လေးရဲ့  ခန့်မှန်းချက်ကြောင့် တစ်နေရာကိုပြောင်းရွှေ့ဖို့ဖြစ်လာပါတော့တယ် ဦးတည်ရာကတော့ San Francisco ပါ အလောတကြီး ရွှေ့ပြောင်းရမှာဖြစ်တဲ့အတွက် စက်ရုပ်လေးကို Data အပြည့်သွင်းဖို့ အချိန်မရှိဘဲ ၇၂% လောက်နဲ့ ရပ်ပြီး ပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ပါတယ် Data အပြည့်မသွင်းနိုင်လိုက်တဲ့ အတွက် လမ်းလျှောက်တာကအစ သင်ကြားပေးရပြီး အဆင့်သင့်ဖြစ်တဲ့ အချိန်မှာတော့ စတင်ခရီးနှင်ခဲ့ကြပါတယ် ခရီးစဉ်တစ်လျှောက် အသက်ရှင်နေထိုင်ဖို့ ဆိုင်ရာမှန်သမျှကို သင်ကြားပေးရင်း သူသေဆုံးတဲ့အခါခွေးလေးကို စောက်ရှောက်ဖို့ဖြစ်လာပါတော့တယ်
   ခရီးစဉ် တစ်ဝက်ကျော်လောက်အထိ ဖခင်က ကလေးဖြစ်သူကို သင်ကြားဆိုဆုံးမတဲ့ ပုံစံမျိုးလေးဖြစ်ပြီး ကြည့်ရတာအလွန်ကြည်နူးစရာပါ  မေးခွန်းလေးတွေမေးတာ ဆောရီး အရမ်းပြောလို့ သင်ပေးရတာ ဖင့်ချ် ကားမောင်းတာကြည့်ပြီး ကိုယ်တိုင်မောင်းချင်လာတာတွေ အပြင် စက်ရုပ်လေးရဲ့ အပြစ်ကင်းစင်တဲ့ အပြုအမူလေးတွေက ကြည့်ရှုသူတိုင်းကို ကြည်နူးစေမှာအမှန်ပါ ဖင့်ချ် မလုပ်နိုင်တာတွေကူညီပေးတာ တတ်နိုင်သလောက်ပြုစုပေးတာ စတဲ့ Scene မှန်သမျှက အတော်ကောင်းမွန်လှပါတယ်
   Jack ဂျိုက် အစား 'မ'ပေးထားလို့ Jack လို့နာမည်ပေးတော့ အဲ့တာက Tool ကြီးလို့ပြန်ပြောပြီး William Shakespeare လို့ခေါ်ပါလားပြောရင်း  Jeff (ဂျက်ဖ်) ဆိုတဲ့ Short and Simple ဖြစ်တဲ့နာမည်လေးရတဲ့အထိ စဉ်းစားတဲ့ အခန်းကတော်တော်လေးကောင်းလှပါတယ်  "With your permission, Finch"
လက်ဆွဲနှုတ်ဆက်တာကိုသင်ပေးရင်း "Welcome To The World, Jeff." ဆိုတာလေးက ကျတော့်အတွက် လေးနက်လှတဲ့ Dialogue လေးတွေပါ
 ခွေးနဲ့ ဆက်သွယ်ပြောဆိုနိင်ဖို့ ခွေးဟောင်သံ နဲ့ ကြိုးစားရင်း "What is the Matter with it" ဆိုတဲ့အခါ Finch က "It's not an it, it's a Him" ဆိုပြီး Jeff ကို ခွေးဆိုတဲ့ သတ္တဝါလေးရဲ့ လေးနက်မှုကိုကအစသင်ပေးနေတာတွေက တကယ်မိုက်ပါတယ် Trust ဆိုတဲ့ ယုံကြည်မှုအကြောင်းလေးတွေကိုသင်ကြားပေးပေမဲ့ နာလည်ဖို့ Jeff အတွက်ခက်ခဲနေခဲ့ပါသေးတယ် 
နောက်တော့ ကြည်နူးစရာတွေကနေ ဝမ်းနည်းစရာတွေအဖြစ်ပြောင်းလာပါတော့တယ် 
Dewey လေး ထောင်ချောက်မိပြီးပျက်စီးသွားတဲ့အခါ Finch အတွက်ခံစားရမှုတွေ မသိနားမလည်တဲ့ Jeff ရဲ့ အပြုအမူလေးတွေကြောင့် Finch တို့ဒုက္ခတွေကြုံရပြီး လက်လျှော့အရှုံးပေးလာချင်ပေမယ့် Jeff ကိုပုံပြင်လေးပြောပြမယ်ဆိုပြီး ခွေးလေး Good Year ရဲ့ဇာတ်ကြောင်းလေးကိုပြောပြရင်းအိပ်ပျော်သွားပါတော့တယ် 
မနက်ခင်းမှာတော့ ခရမ်းလွန်ရောင်ခြည်နည်းတဲ့ နေရာရောက်ပြီး Finch အနေနဲ့ ဘယ်တော့မှ မခံစားရတော့ဘူးထင်ထားတဲ့ နေရောင်အောက်မှာ Jeff နဲ့ ခွေးလေး Good Year တို့ခင်မင်လာစေဖို့ ယုံကြည်လာစေဖို့ကြိုးစားပေးရင်းနောက်နေ့မှာတော့ ကင်ဆာဒါဏ်ကြောင့် ဆုံးပါးသွားပါတော့တယ် San Francisco ကိုသွားမယ့်ရည်ရွယ်ချက်အကြောင်းလေးတွေကို Jeff ရဲ့ သိလိုမှုလေးတွေကြောင့် ပုံပြင်လေးအဖြစ်ပြောပြရင်း ကုန်ဆုံးခဲ့ရတာလေးတွေက Finch အတွက်ကျေနပ်မယ်လို့ထင်ပါတယ်

Jeff အနေနဲ့ အိမ်မက်တောင်မက်တယ်ဆိုတဲ့ အချက်လေးကလည်း တကယ်ထူးခြားတဲ့ အချက်လေးပါ
Finch ပုံပြင်ပြောရင်း Once Upon a Time မပါလို့ပြောပြတာလေးတွေက တကယ်ထိမိလှပါတယ် 
နေပူဆာလှုံတဲ့ Scene ကိုတော့ ကိုယ်တိုင်ကြည့်သင့်ပါတယ် ကျတော်ပြောပြလို့ ဖျက်ဆီးသလိုပဲဖြစ်သွားပါလိမ့်မယ် 

ကိုယ်အားကိုးယုံကြည်ရတဲ့ ကိုယ့်ရဲ့ လမ်းပြသူမရှိတော့တဲ့အချိန်မှာ လမ်းပျောက်သွားပေမဲ့ သူသာဆိုဘာလုပ်မလဲ ငါသာဆိုရင်ဘာလုပ်မှာလဲ သူလုပ်လောက်မယ့်ဟာလေးတွေလုပ်ရင်း ဆက်လက်ရှင်သန်ကြရပါအုံးမယ်

နောက်ဆုံးမှာ‌တော့ ခွေးလေးရဲ့ ယုံကြည်မှုကို ရသွားပြီး နှစ်ယောက်သား Golden Gate တံတားကြီးပေါ်မှာ မြင်ရ ခံစားရတာတွေ လှပတဲ့ အကြောင်းကိုပြောရင်း အသက်ရှင်ကျန်နေသေးတဲ့ လူတွေကို ရှာတော့မယ်ပြင်ကြရင်းပြီးဆုံးသွားပါတယ်

ဇာတ်ကားလေးက ရိုးရှင်းပေးမဲ့ တော်တော်လေးကောင်းလှပါတယ် မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေကလည်း ပြည့်စုံမြဲ ပြည့်စုံနေဆဲပါပဲ  Jeff ရဲ့ ကာရိုက်တာလေးကလည်း ပြည့်စုံလှပါတယ်
ကျတော့်အတွက်တော့ ပြည့်စုံတဲ့ ဇာတ်ကားကောင်းလေးပါပဲ

ကျတော့် Rating ကတော့ 8/10 ပါ တကယ်ကောင်းတဲ့ ကားလေးပါပဲလို့ပြောရင်း အဆုံးသတ်လိုက်ပါတော့မယ် ........















Comments

Popular posts from this blog

Sardar Udham အိန္ဒိယတော်လှန်ရေး ကားကောင်းတစ်ခု

Hunter x Hunter သို့မဟုတ် ကြည့်ရတာ တန်တဲ့ Anime Series