Marvel What If...? S01 E02 အကြောင်း

 



Episode 2 ကတော့ Ep 1 ထက်ကောင်းတယ်ပြောရပါတယ် What If... T'Challa Became Star-Lord? ပါ

ကျတော့်အမြင်........
Spoilers တွေပါပါမယ်


တီချယ်လာအနေနဲ့ စတားလော့ဒ် ဖြစ်လာပါတယ် ဒီအပိုင်းကို ကြည့်ဖို့ GOTG 1 2 , black panther နဲ့ Infinity War တို့ကို ကြည့်ထားရင်ပိုကောင်းပါတယ် ကျတော်အတွက်ကတော့က အရှေ့မှာပြောထားသလို MCU 24 ကားလုံးကိုပြန်ကြည့်နေတဲ့ အတွက် အတော်လေး အဆင်ပြေပါတယ်

Peter Quill အစား T'Challa ကစတားလောဒ်ဖြစ်လာတဲ့ အကြောင်းကတော့ Quillကို Ego က Yondu ကိုခေါ်ခိုင်းရာမှာ Quill အစား TChalla ကို Yondu ရဲ့ အဖွဲ့ သားတွေမှားခေါ်လာတာက နေဖြစ်သွားရတာပါ  T'Challa လေးငယ်ငယ် ဆော့နေတုန်း Wakanda အပြင် မတော်တရောက်သွားတုန်း Ravagers တွေဖမ်းသွားတာပါ

အစမှာ GOTG အစ Morag မှာ Power Stone သိမ်းထားတဲ့ ပစ္စည်းကို သွားယူရင်း ဇာတ်ကားထဲတုန်းကတော့ Ronan ရဲ့ တပည့် Korath ကလာတိုက်ယူတဲ့ အခန်းပေါ့ 
ဒီမှာကတော့ စတားလော့ဒ် က တကယ့်နာမည်ကြီးပါ ဂလက်ဆီရဲ့ ရော်ဘင်ဟုကြီးပေါ့  နောက် Ravagersတွေကဘယ်တော့မှတစ်ယောက်ထဲမဟုတ်ဘူးပြောရင်း Yondu ရောက်လာပြီး အဆင်ပြေသွားတယ်ပေါ့




နောက် Scene ကတော့ပါးစပ်အဟောင်းသားဖြစ်စရာတွေပါလာပါပြီ ခုနပြောသလို ဂလက်ဆီရဲ့ ရော်ဘင်ဟုကြီး ဖြစ်နေကြတဲ့ Ravagers တွေအပြင်  ကျတော်တို့ရဲ့ Mad Titan ကြီး Thanos ကတော့ တီချယ်လာ စတားလောဒ့် ရဲ့ တ ရားပြမှုကြောင့် Ravagers အဖွဲ့ ဝင် တောင်ဖြစ်နေပါပြီ  ဟဲဟဲ တကယ့် ဆရာကြီး Timeline ပါ နောက်ပြီး ထူးတာက Drax ပါ  တီချယ်လာ စတားလောဒ့် ကြောင့် Thanos ကသက်ရှိတစ်ဝက်မဖျောက်တော့တဲ့ အတွက် Drax ကလည်း သူ့မိသားစု မဆုံးရှုံးတော့ သာမန် Timeline ထဲကနဲ့ လုံးဝကွာခြားသွားပါပြီ  ဒီထဲမှာတော့ Star Lord က Drax ရဲ့ ဂြိုဟ်ကို Kree တွေကျူးကျော်မှုကနေ ကယ်တင်ပေးခဲ့ပါတယ်တဲ့





  နောက်ပြီး Nebula က Star Lord ရဲ့ သူငယ်ချင်းဖြစ်နေပါတယ် 





နောက်တစ်ခုက ဒီအပိုင်းရဲ့ ဗီလိန်ပါ Collector ပါတဲ့ခင်ဗျ Collector ရဲ့ ပစ္စည်းတွေထဲမှာ Thor ရဲ့ တူနဲ့ Cap ရဲ့  Shield , Dark Elf ,Howard the Duck , Hela ရဲ့ ဥိးထုပ် စတာတွေက ဒီ Timeline မှာဘာတွေဖြစ်နေမလဲ မှန်းကြည့်ဖို့ ဘာညာတွေပါ
 Black Order သုံးကောင်ကလည်း Thanos ရဲ့ တပည့်မဟုတ်ဘဲ Collector ကြီးရဲ့ တပည့်တွေဖြစ်ပြီး Thanos တောင် ၂ ကောင် ၁ ကောင် ကြိတ်လိုက်ရပါသေးတယ် ဒီထဲမှာ နောက်ထပ်ထူးခြားတာကတော့ Thanos က Nebula ကို ချစ်တဲ့ ခံစားမှုပါ အတော်မိုက်ပါတယ် 
စတားလောဒ့် တို့ Knowhere ကCollector ကြီးကိုအနိုင်ယူရင်း Star Lord ကြီး Wakanda ပြန်ကြတာကို တွေ့ရမှာပါ 
ထူးခြားချက်အနေနဲ့ Howard The Duck ဆိုတဲ့ ဘဲတစ်ကောင်ပါပါတယ် တချို့ကတော့ သိကြမှာပါ မသိကြတဲ့ သူတွေလဲ ရှိကြမှာပါ သိချင်တဲ့သူများရင် ကျတော် Article တစ်ခု သပ်သပ် လုပ်ပေးပါ့မယ်




နောက်ဆုံးပိတ်ကတော့ Chadwick Boseman အတွက်သတိရကြောင်းစာလေးပါ အဲ့တာလေးတွေ့တော့ အပြင်မှာတကယ် ကွယ်လွန်သွားပြီဖြစ်တဲ့ ကျတော့်တို့ရဲ့ Black panther မင်းသားကြီးကို ပြန်လည်လွမ်းဆွတ်မိရပါတော့တယ်  





အဆုံးသတ်ရရင်တော့ ဒီအပိုင်းဟာ Ep 1 ထက်ကောင်းမွန်ပါတယ် Peter Quill ကတော့သနားစရာပါ ဆိုတော့ ဒီလောက်နဲ့ပဲ နားပြီး နောက်တစ်ပိုင်းကြမှ ပြန်လာခဲ့ပါတော့မယ်.......
















Comments

Popular posts from this blog

Sardar Udham အိန္ဒိယတော်လှန်ရေး ကားကောင်းတစ်ခု

Finch 2021 အကြောင်း

Hunter x Hunter သို့မဟုတ် ကြည့်ရတာ တန်တဲ့ Anime Series