The Suicide Squad 2021
ကဲဗျာ မရေးဖြစ်တာတော်တော်ကြာသွားပြီဗျာ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ဖြစ်နေလို့ပါ
ဆိုတော့ အခုတော့ တော်တော်သက်သာပြီမို့ ပြန်ရေးတော့မယ်လုပ်နေရင်း သောက်တလွဲစကွက် ထွက်တာနဲ့ ကွက်တိတိုးတော့ အံကိုက် ဖြစ်သွားတယ်ဗျာ
ဆိုတော့ ဇာတ်ကားအကြောင်းစမယ်ဗျာ........
ဘာမှမပြောခင် တစ်ခုပြောမယ်ဗျာ Suicide Squad 2 ကတကယ်ကြီးကောင်းတာဗျ ဆိုတော့ မကြည့်ရသေးရင်သွားကြည့်ဗျာ Suicide Squad 1မကြည့်ဖူးလည်းကြည့်လို့ အဆင်ပြေတယ် R Ratedတော့ သတ်မှတ်ထားပါတယ် ဆိုတော့ နည်းနည်းပါးပါး ကြမ်းကြမ်းရမ်းရမ်း သွေးသံရဲရဲ လေးတွေ နည်းနည်းပါပါတယ်ဗျ
Marvel ကတော့ Series တွေနဲ့ ကြီးစိုးနေတုန်း DC ကတော့ ဒီကားလေးနဲ့ ပြန်ဖိုက်လိုက်ပါတယ်ပေါ့ ခိခိ
ကျတော့် အမြင် ( ဥာဏ်မှီသလောက်သာရေးထားပါတယ်)
Spoilers တွေပါပါမယ် ကျတော်တောင် နည်းနည်း နောက်ကျသွားလို့ နည်းနည်း မိသွားပါသေးတယ်
.
.
DC ရဲ့ မှောင်မိုက်သော ကမ္ဘာကြီး ထဲက မဟုတ်တဲ့ အရောင်အသွေး စုံတဲ့ ဇာတ်ကားပါ စုံဆို Guardians of The Galaxy ရဲ့ ဒါရိုက်တာ James Gunn ကရိုက်ထားတာပါ Disney နဲ့ ဘာညာ ကွိကွ ဖြစ်နေချိန် WB ကကောက်စားလိုက်တယ် ထင်ပါတယ် စိတ်ကြိုက်ရိုက်ခွင့်ပေးထားသလားကို ထင်ရပါတယ်
Task Force X လို့ခေါ်တဲ့ ဆူဆိုက် စကွဒ် ထုံးစံ အတိုင်း ဗီလိန်တွေနဲ့ စကွဒ် အရင် ဖွဲ့ တာနဲ့ စထားပါတယ် ၂ဖွဲ့ ပါ သို့ပေမဲ့ Main Squad ကို ခဏအကြာမှ ပြန်မိတ်ဆက်ပေးပါတယ်
ပထမတစ်ဖွဲ့ကတော့ အဖွဲ့ဝင် Blackguard ရဲ့ ကြိုတင် သတင်းရောင်းစားထားမှုကြောင့် Colonel Rick Flag နဲ့ Harley Quinn 2ယောက်ကလွဲပြီး အကုန်မသာပေါ်ကုန်ပါတယ် အယ် မှားလို့ ရေနစ်ပြီး အားလုံးကသေပြီထင်နေတဲ့ Weasel ဆိုတဲ့ ကြောင်လိုလိုခွေးလိုလို လူအရွယ် ဖျံကတော့ နောက်ဆုံးမှာ ပြန်ရှင်လာပါတယ် ဆိုတော့ ကာရိုက်တာတွေကို တချက်ရွတ်ပြပါမယ်
First Team
ဇာတ်အိမ်ကတော့ ကျွန်းတစ်ကျွန်းပေါ်က နာဇီခေတ်က ထောင်တစ်ခုအတွင်းမှာ စမ်းသပ်နေတဲ့ Starfish Experiment နဲ့ ဆိုင်တာတွေကို တစ်ခုမကျန် ဖျက်ဆီးပစ်ဖို့ပါ ဆိုတော့ သောက်တလွဲစကွဒ်ကြီး အောင်မြင်ကြမလား Starfish Experiment ကရောဘာကြီးလဲဆိုတာကို အစကနေအဆုံး မပျင်းမရိကြည့်ရမှာပါ James Gunn ရဲ့ ရိုက်ချက်တွေအပြင် ပါနေကျ ဟာသလေးတွေကလည်း သင့်ကိုပျော်ရွှင်စေမှာပါ ဆိုတော့ ဒီနှစ်ထဲထွက်တဲ့ စူပါဟီးရိုးကားတွေထဲကလက်မလွှတ်သင့်တဲ့ ကားတစ်ကားပါပဲဗျာ
Black Widow ထက်ပိုကောင်းတဲ့ ကားပါ .......ဘောနပ်ရေးပေးတာပါ
အပြစ်ပြောရရင်တော့ Starfish အသေးလေးတွေက ကာတွန်းဆန်သလိူလိူ သိပ်တော့မမိုက်လှပါဘူး ကျတော့်အမြင်ပါ ဇာတ်ကားကိုအရသာပေါ့သွားလောက်အောင်တော့ မဖြစ်ပါဘူး အဆင်ပြေပါတယ်
ကျတော့် Rating ကတော့ 7 ပါ
အားလုံးလည်း ကျန်းမာရေးဂရုစိုက်ကြပါ.....















Comments
Post a Comment