Marvel What If...? S1 E1 အကြောင်း
ကဲ ဒီနေ့တော့ What IF...? ထွက်လာပါပြီ DC ရဲ့ Suicide Squad 2 လေးအကြောင်း ချီးမွမ်းနေကြတုန်း Marvel က ပြန်လာပါပြီ Trailer တွေကြည့်ကြပြီးကတည်းက ဒီ Series လေးက အတော်စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ကြေးပေးခံရဆုံးလေးပါ
အခုတော့ လာပါပြီ Episode 1 အကြောင်းစကြတာပေါ့ဗျာ
ကျတော့်အမြင် ဥာဏ်မှီသလောက်သာရေးထားပါတယ်...........
Spoilers တွေပါမှာပါ .........
Episode 1 ကတော့ Captain America The First Avenger ပုံစံဆင်တူပါ ကျတော့်အနေနဲ့ MCU ကား၂၄ ကားကို အခုတလောပြန်ကြည့်နေတော့ အများကြီး ဆက်စပ် မှုတွေကို ခံစားရပါတယ်
Captain America The First Avenger ထဲကအတိုင်း ဟောင်းဝပ် စတာ့ခ် က စတိကို Super soldier serum ထိုးပေးခြင်း စခါနီးမှာ Movie နဲ့ မတူတာက တချို့ Event လေးတွေ စောဖြစ်လိုက်တာကနေ အကုန်ပြောင်းလဲကုန်ပါတယ် အားလုံးမှတ်မိမယ် ထင်ပါတယ် ဇာတ်ကားထဲမှာ စတိကို Serum ထိုးပြီးမှ ပေါက်ကွဲ မှုဖြစ်ပြီး Serum sample တစ်ခု အလုခံလိုက်ရတာပါ ဒီ Series ထဲ မှာတော့ စတိကို Serum ထိုးတာမစခင်မှာ အရင်ပေါက်ကွဲသွားပြီး စတိလည်း သေနတ်နဲ့ အပြစ်ခံလိုက်ရပါတယ် အေးဂျင့်ကာတာက Hydra spy ကို သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ် Experiment စနေပြီဖြစ်တဲ့ အတွက် serum ထိုးတဲ့ Chamber ထဲကိုတစ်ယောက်ဝင် ဖို့ ဖြစ်လာပြီး စတိက သေနတ်မှန်ထားတဲ့ အတွက် Peggy အေးဂျင့်ကာတာကပဲ ဝင်လိုက်ရင်း Peggy တစ်ယောက် ကပ္ပတိန် ကာတာဖြစ်လာပါတော့တယ်
ဆိုတော့ ဒီ timeline မှာ တော်တော်ပြောင်းလဲသွားပါတယ် စတိဗ် ကတော့ ဟောင်းဝပ် ထွင်ပေးတဲ့ C-15 ဆိုတဲ့ Tesseract ရဲ့ စွမ်းအင်ကိုသုံးတဲ့ Ironman armor Mark 1 နဲ့ အနည်းငယ်ဆင်တူပြီး ပိုPowerful ဖြစ်တဲ့ Armor ကိုမောင်းနှင်ရင်း
နာဇီတွေနဲ့ Redskull ရဲ့ ဟိုက်ဒြာတွေကို တိုက်ခိုက်ပါတယ်
Hydra Train ကိုဝင်စီးကြရာမှာတော့ မမျော်လင့်ထားတာနဲ့ကြုံရပြီး စတိဗ်ကို ဆုံးရှုံးလိုက်ရပါတယ် အဲ့နောက် Redskull ရဲ့ ရဲတိုက်ကို Captain Carter တို့ဝင်တိုက်ကြပါတယ် Red skull က Tesseract ကိုဖွင့်လိုက်တဲ့အခါ Portal တစ်ခုပွင့်လာပြီး ရေဘဝဲ လက်တံတွေနဲ့ Monster ကြီးထွက်ပေါ်လာလို့ တိုက်ခိုက်ရပါတော့တယ် Captain Carter ကရေဘဝဲကြီးကို Portal ထဲတွန်းပို့ရင်း ပျောက်သွားပါတယ် Timeline တွေမတူတဲ့ အတွက်ပြောင်းလဲကုန်တာပါ မပြောင်းလဲတာကတော့ Dialogue တွေပါ You owe me a dance. Yes, Saturday night. ဒါတွေကတော့တူပါတယ် Movie ထဲမှာတော့ စတိက ပဂ်ဂီ နှုတ်ဆက်သွားတာပါ ဒီမှာတော့ပြောင်းပြန်ပေါ့ အဆုံးမှာတော့ Avenger 2012 Movie ထဲက Nick Fury နဲ့ Clint တို့ Portal ဖွင့်ပြီး Loki ရောက်လာတဲ့ Scene မှာ Loki အစား Captain Carter ဖြစ်နေရင် စစ်ပွဲပြီးသွားတာ နှစ် ၇၀ ကြာသွားပြီပြောရင်း အဆုံးသတ်သွားပါတယ်
ကျတော် အကြံပေးချင်တာကတော့ Captain America The First Avenger Movie နဲ့ ယှဥ်ကြည့်စေချင်ပါတယ်
Series ကအတော်စိတ်ဝင်စားစရာပါ ကျတော့်အတွက်တော့ အရမ်း Hype စရာမဟုတ်သေးပေမဲ့ ကောင်းမွန်မယ်လို့ လုံးဝယုံကြည်ထားတဲ့ Series ပါပဲဗျာ









Comments
Post a Comment