Dune မိတ်ဆက် Dune 2021 : Part One အကြောင်း
လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ DUNE 2021 ကတော့ Part One အနေနဲ့ ထွက်ရှိခဲ့ပါပြီ သို့ပေမဲ့ ဒီလောက်နာမည်ကြီးတဲ့ Science Fiction Film (Sci-fi) ကြီးအကြောင်း မသိကြတဲ့ သူတွေအတွက်ရည်ရွယ်ပြီး ဒီစာကိုရေးလိုက်ပါတယ်
IMDb မှာ 8.3/10 ပြေးနေပါတယ် ကျတော်အနေနဲ့ ဒီဂဏန်းတွေဒီမှာပဲ ငြိမ်မယ်လို့တော့ မထင်ပါဘူး 8 ဝန်းကျင်မှာ အပြောင်းအလဲတွေဖြစ်နေအုံးမယ်လို့ ယုံကြည်ပါတယ်
DUNE ဆိုတာကတော့ ၁၉၆၅ ခုနှစ်တုန်းကထုတ်ဝေခဲ့ တဲ့ နာမည်ကြီးစာရေးဆရာကြီး Frank Herbert ရဲ့ World's Best Selling Science Fiction Novel တစ်အုပ်ပါ ခြုံငုံ ပြောပြရရင်တော့ နောင်လာမယ့် နှစ်ပေါင်း ၁ သောင်း ဝန်းကျင် အာကာဿ စကြဝဠာများအတွင်းက နိုင်ငံရေးကို စိတ်ကူးယဉ်အခြေခံရေးသားထားတဲ့ စာအုပ်ပါ (ကျတော့်ဖော်ပြချက်ပြည့်စုံမှုမရှိပါက တောင်းပန်အပ်ပါတယ်) Prequel အနေနဲ့ နောက် ၅ အုပ်ကိုလည်းရေးသားခဲ့ပါသေးတယ်
အဆိုပါစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ ပထမဆုံးအနေနဲ့တော့ ၁၉၇၀ မှာရိုက်ကူးဖို့ စီစဉ်ခဲ့ ပေမဲ့ Budget ပြဿနာကြောင့် Cancel ဖြစ်သွားတယ်လို့ Wiki မှာဖတ်ရပါတယ် ၁၉၄၈ မှာတော့ ရုပ်ရှင်အနေနဲ့ ထွက်ရှိနိုင်ခဲ့ ပေမယ့် ၁၉၄၈ ရဲ့ အဆိုးဆုံးရုပ်ရှင်စာရင်းဝင်ခဲ့ ပါတယ် ဆိုတော့ ရိုက်ဖို့အတော်ခက်တဲ့ဟာကြီးပေါ့ အခုထွက်ထားတာကတော့ ၃ ခုမြောက်ပြောရမှာပေါ့ ဒီတစ်ခါကတော့ Trailer ထွက်ကတည်းက တော်တော်များများ စိတ်ဝင်စားခဲ့ကြတာပါ Casts တွေကိုတကယ့်နာမည်ကြီးတွေချည်းသုံးထားသလို ၂၀၂၁ ရဲ့ အကောင်းဆုံးတွေထဲကတစ်ခုအဖြစ်ရပ်တည်နေပါပြီ
ဆိုတော့ DUNE အနေနဲ့ ဘာလို့နာမည်ကြီးနေလဲ ဘာတွေထူးခြားနေလဲဆိုတာကို အနည်းအကျဉ်းတော့ သိသွားမယ် မျှော်လင့်ပါတယ်
ဇာတ်လမ်းအကြောင်း
ခုနှစ် 10191 မှာ Universe ရဲ့ နေရာများစွာကို ချဲ့ထွင်အုပ်စိုးနိုင်နေပါပြီ ဒီနေရာမှာ Universe တစ်ခွင်ကို Shaddam IV လို့ခေါ်တဲ့ Padishah Emperor ၈၁ဆက်မြောက် ဧကရာဇ်ကြီးက အုပ်ချုပ်ပါတယ် ဂြိုဟ်တစ်လုံးစီကိုတော့ ဧကရာဇ်ကခန့်အပ်ထားတဲ့ အိမ်တော် (Houses) တွေက Feudalism (ကံကြွေးချစနစ်လို့ ဗမာအခေါ်အဝေါ် ) နဲ့ အုပ်ချုပ်တယ်ပေါ့ အေထရီးဒိအိမ်တော်က Ocean Planet လို့ခေါ်တဲ့ ဂြိုဟ်ကို အုပ်ချုပ်နေတုန်းမှာ တကယ့် အန္တရာယ်များတဲ့ Arrakis လို့ခေါ်တဲ့ သဲကန္တာရ ဂြိုဟ်ကြီးကို Harkonnen အိမ်တော်ရဲ့ အစားထိုးနေရာယူ အုပ်ချုပ်စေတဲ့ အမိန့်လွှာကို လက်ခံရင်းကနေ အရင်းခံလာပါတယ် ထိုသဲကန္တာရ ဂြိုဟ်ကြီးပေါ်မှာ Melanga (သို့) Spice လို့ခေါ်တဲ့ ပစ္စည်းထွက်ရှိပါတယ် အဲ့အရာဟာ ဆေးတစ်မျိုးဖြစ်ပြီးတော့ စားသုံးပါက သက်တမ်းရှည်ခြင်း ကျန်းမာရေးကောင်းမွန်ခြင်းတွေအပြင် အာကာသ ထဲမှာသွားလာရေးအတွက် မရှိမဖြစ်အရေးကြီးလှပါသေးတယ် ဒီဆေးဟာ စွဲတတ်စေပြီး ကြာရှည်သုံးစွဲတဲ့ အခါမှာလည်း မျက်လုံးကိုအပြာရောင်ဖြစ်သွားစေပါတယ် ဒီလိုအဖိုးတန်တဲ့ ပစ္စည်းထွက်ရှိတဲ့ ဂြိုလ်ကိုသာပိုင်ဆိုင်ရရင် ဧကရာဇ်ထက်တောင် ချမ်းသာကြွယ်ဝမှုက ပိုမိုတိုးနိုင်တဲ့ အတွက် ဒီဂြိုဟ်ကို အပိုင်သိမ်းဖို့ နည်းလမ်းပေါင်းစုံနဲ့ ရက်စက်စွာကြိုးစားကြမှာဖြစ်တဲ့ အတွက် အတော်လေး အန္တရာယ်များတဲ့ ဂြိုဟ်ကြီးဖြစ်နေတာပါ ဒီမှာမှ အဓိက ကာရိုက်တာဖြစ်တဲ့ အေထရီးဒိအိမ်တော်ရဲ့ မင်းသား Paul အနေနဲ့ သူ့အဖေရဲ့ ဆန္ဒဖြစ်တဲ့ Arrakis ဂြိုဟ်ကြီးကို ငြိမ်းချမ်းရေးရဖို့ ဘယ်လိုကြိုးစားမလဲ ဆိုတာကိုကြည့်ကြရမယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်
Cast တွေအနေနဲ့ Timothee Chalamat, Josh Brolin , Stellan Skarsgard , Dave Bautista , Zendaya , စတဲ့ နာမည်ကြီးတွေနဲ့ပွဲထုတ်ထားတာမို့ ၂၀၂၁ ရဲ့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်
Spoilers.....
Ornithopter ရဲ့ Concept ကတကယ်အလန်းပါပဲ ပျံသန်းဖို့ Dive ဖို့ စနစ်တွေကအတော်လေး အားရဖွယ် Idea တွေပါ
Baron Vladimir Harkonnen ကလည်းတကယ့်စိတ်ဝင်စားဖွယ် Antagonist ပါ
နောက်တစ်ခုကတော့ Sandworm ကြီးတွေပါ အဖိုးတန်တဲ့ Spice ကိုထုတ်ပေးတဲ့ သတ္တဝါကြီးတွေပါ နောက်ဆုံးမှာ Freman တစ်ယောက်က ကျောပေါ်မှာတက်စီးနေတာက နောက်ဘယ်လိုဖြစ်မလဲ ခန့်မှန်းရကြမှာပါ
Lady Jessica ကတော့ Exclusive Sisterhood ကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ Bene Gesserit ရဲ့ Acolyte တပည့်တော် တစ်ယောက်ဖြစ်ပြီး စိတ်စွမ်းအင်ရော Physical တိုက်ရေးခိုက်ရေးရောကောင်းတဲ့ Super Human ပါ Voice Tone ကို ပြောင်းပြီး စကားနဲ့ တစ်ဖက်သားကို စေခိုင်းထိန်းချုပ်နိုင်တာကလည်း အတော်မိုက်တဲ့ Ability ပါ
Suit တွေရဲ့ Protection Tech တွေနဲ့ Suit တွေရဲ့ System Ideology တွေကလည်း တစ်ကယ်ဩချစရာတွေပါ
နောက်ထပ်ပြောစရာတွေကတော့ အများကြီးပါ ဒီလိုအတော်ကောင်းတဲ့ Sci-Fi တွေကိုကြည့်ရတာက အတော်လေး ရသမြောက်တယ်လို့တော့ပြောချင်ပါတယ်
ဆိုတော့ ကျတော့် Rating လေးပေးပြီး အဆုံးသတ်ပါမယ် 7.9/10 ပါ ၁၉၀၀ ကျော်လောက်က Sci-fi ဖြစ်တဲ့ အတွက် တချို့ Ideology တွေ Imagination တွေက ကျတော့် အတွက်တော့ အရမ်းကြီး အသစ်အဆန်းမဟုတ်တော့ပါဘူး Dune ကို အခြေခံမှီငြမ်းပြီး နာမည်ကြီးတဲ့ Sci-fi တွေဖြစ်လာတယ်ဆိုပေမဲ့ အတော်များများ အချက်တွေက သိပ်မထူးဆန်းပါ သို့ပေမဲ့ ၁၉၀၀ ကျော် ခေတ်ကသာ ဖတ်ခဲ့ ရရင်တော့ အကောင်းဆုံး Sci-fi တွေထဲမှာ ထိပ်ဆုံးရောက်မှာအသေအချာပါပဲ ဒီတော့ ၂၀၂၁ ထဲ Sci-fi ကားကောင်းကောင်း ရှာနေရင်တော့ Dune Part One က သင့်အတွက် အကောင်းဆုံးတွေထဲကတစ်ခုဖြစ်မှာ အသေအချာပါပဲလို့ပဲ ပြောပါရစေ
Comments
Post a Comment