The Mitchells Vs The Machines အကြောင်း
IMDb 7.7
Rotten Tomatoes 98%
Comedy, Sci-fi, Action, Adventure အမျိုးအစား Animation ကားတစ်ကားပဲဖြစ်ပါတယ်
Sony Animation ကနေထုတ်လုပ်ပေးထားတဲ့အတွက် Animation ပုံစံကတော့ ထုံးစံအတိုင်း မိုက်နေတုန်းပါ ပြီးတော့ ဇာတ်လမ်းကလည်းကောင်းတော့ တော်တော်ပြည့်စုံပါတယ်
ဇာတ်လမ်းကတော့ Katie Mitchell ဆိုတဲ့ ကောင်မလေး ကျောင်းသွားတက်မယ့်နေရာကို Mitchells မိသားစု အပျော်ခရီးအဖြစ်ပြောင်းလဲရင်း နီးလျက်နဲ့ဝေးကွားနေတဲ့ မိသားစုအချင်းချင်း ပြန်လည် သင့်မြတ်လာဖို့ စီစဉ်ထားပေမယ့် စက်ရုပ်တွေ အကုန်ကြောင်ကုန်ပြီး ကမ္ဘာဖျက်ကိန်းကြုံလာတဲ့ အတွက် ကယ်တင်ဖို့ကြိုးစားကြမယ့် မိသားစုအကြောင်းကို ရိုက်ပြထားပေးထားတာပဲဖြစ်ပါတယ်
ကျတော့်အမြင်.........................
စပွိုင်လာအနည်းငယ်ပါမှာဖြစ်ပါတယ်
Dysfunctional Family တစ်ခုကို အဓိကနေရာက ထားပြီး Villain အနေနဲ့
Robots တွေကိုထိန်းချုပ်ပြီး ကမ္ဘာကြီးကိုဖျက်ဆီးဖို့ဖြစ်လာပါတော့တယ်
မိသားစုလိုက်ခရီးထွက်နေတုန်း ကြုံတွေ့ရတဲ့ စက်ရုပ်တွေကို ပြန်လည်ထိန်းချုပ်ဖို့ Mitchells မိသားစုKill Codeကို Uploadလုပ်ဖို့ ကြိုးစားကြရင်း အလွဲတွေ အမျိုးမျိုး ရှုံးနိမ့်မှုတွေကြုံတွေ့ရပေမယ့် တကယ့်နှလုံးသားထဲက ခံစားချက်တွေပြန်လည်ဆက်သွယ်ဿွားမိရင်း PALကို ရင်ဆိုင်အနိုင်ယူသွားကြပုံကို ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ကြည့်ကြရမှာပါ အဖေနဲ့ သမီးကြားက ပြဿနာလေးတွေကိုပေါ်ပေါ်လွင်လွင်ပြသရင်း မိသားစုပြဿနာလေးတွေကို ရိုက်ပြထားတာက တစ်ကယ်မိုက်ပါတယ်
အဓိကဇာတ်ကောင်တွေထဲကမှ System Error ဖြစ်သွားတဲ့
Robots ၂ ကောင်နဲ့ ခွေးလေးကတော့ တော်တော်လေး ချစ်စရာကောင်းလှပါတယ်
Luca, Wish Dragon, The Mitchells Vs The Machines, အကုန်က တစ်မျိုးစီကောင်းကြတဲ့ အတွက် ဘယ်သူ ဘယ်ဆုရသွားမလဲကတော့ စောင့်ကြည့်ကြရမှာပါ
ကျတော့် Rating ကတော့ 7/10 ပါ
ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်တဲ့ အတွက် ကြည့်ကြဖို့ ပြောလိုပါတယ်











Comments
Post a Comment