Boss Baby 2 Family Business 2021
IMDb 6.0/10
RT 48%
လုံးဝ သင့်ကို စိတ်ပျက်စေမှာ မဟုတ်တဲ့ ဘော့စ်ဘေဘီ ၂ ပါ
DreamWorks ကနေထုတ်ပြီးတော့ Universal Picture ကနေ ဖြန့်ချီပါတယ် 2016 Boss Baby ရဲ့ အဆက်အဖြစ်ထွက်လာခဲ့တာဖြစ်ပါတယ်
Boss Baby 1 အပြီး I think may be 30 Yrs later , Ted နဲ့ Tim တို့ ၂ ယောက် အသက်တွေ ကြီးသွားတဲ့ အနေအထားနဲ့ စထားပြီး တင်မ် ကတော့ မိသားစုနဲ့ သမီးလေး ၂ ယောက်နဲ့ ဖြစ်နေပါပြီ တက်ဒ် ကတော့ အလုပ်တွေနဲ့ မအားလပ်လှတဲ့ ဘောစိအကြီးစားကြီးဖြစ်နေပါပြီ တင်မ်ရဲ့ သမီး အငယ်လေးက Baby Corp ကနေ Mission တစ်ခုရရှိထားပါတယ် အဲ့ Mission ကတော့ ကလေးတွေကို မကောင်းတဲ့ အတွေးတွေ ရိုက်ထည့်ပြီး မိဘတွေကို တော်လှန်ရေးလုပ်ဖီု့ B-Day (Not D-Day)ကိုကြေညာရင်း မိဘတွေကို ကြိတ်မယ့် ဒေါက်တာ Erwin Armstrong ရဲ့ Evil Plan တွေကို ဖျက်ဖီု့ ကြီုးစားကြမှာပဲ ဖြစ်ပါတယ်
ကျတော့ အမြင် (ဥာဏ်မှီသလောက်သာရေးထားပါတယ်)
Spoilers alert............နဲနဲပါးပါး ပါပဲ :)
တင်မ်ရဲ့ မိသားစုဝင် အသစ်တွေ အဖြစ် Timရဲ့ ချစ်ဇနီးအဖြစ် Carol ,
Boss Baby သမီး အငယ်လေးအဖြစ် Tina , အကောင်းဆုံးကျောင်းမှာတက်ရပြီး အရွယ်နဲ့ မလိုက်အောင် စာတော် ရင့်ကျက်နေတဲ့ သမီး အကြီးလေး Tabitha , တို့ ပဲဖြစ်ပါတယ်
ကျတော် တို့ လွမ်းနေမယ့် ကာရိုက်တာ အဟောင်းလေးတွေကိုလည်း သတိတရ သေချာလေး ထည့်ပေးထားပါတယ်
ပထမဆုံး ကျတော့် ရဲ့ အချစ်တော်လေး Jimbo ကတော့ Mayor ဖြစ်နေပြီးတော့ Staci လေးကတော့ Jimbo ရဲ့ ဇနီး ဖြစ်နေပါပြီ

Jimbo & Staci
နောက် အမြွှာလေး ၃ ယောက် ကတော့ မော်တော်ပီကယ် လေးတွေ ဖြစ်နေကြပါပြီ
နောက်တော့ Precious လေးဆိုပြီး ခေါ် တဲ့ မြည်းပုလေး ၁ ကောင်ကိုလည်း မိတ်ဆက်ပါတယ်
အထက်မှာဖော်ပြခဲ့ တဲ့ အတိုင်း ဒေါက်တာ Armstrong ကိုစုံစမ်းဖို့ အတွက် Mission ရှိကြောင်းကို Tina က Ted နဲ့ Tim ကို ချိုလိမ် စုပ်ခိုင်းရင်း ရှင်းပြပါတယ် အဲ့ကျမှ ဒေါက်တာ အမ်စထရောင်းပိုင်တဲ့ Acorn Center က Tim ရဲ့ သမီးလေးTabitha တက်နေတဲ့ ကျောင်းဖြစ်နေပါတယ် ဒေါက်တာ အမ်စထရောင်း က အဲ့လိုကလေးတွေကို မကောင်းတဲ့ အတွေးတွေ ရိုက်သွင်းဖို့ ကမ္ဘာ အနှံ့မှာ ကျောင်းတွေအများကြီး ၆ လအတွင်း ပေါ်လာတယ်လို့ Baby Corp က စုံစမ်းရထားပါတယ် ဒေါက်တာအမ်စထရောင်း ဘာတွေလုပ်နေလဲ သေချာသိရဖို့ အတွက် တက်နဲ့ တင်မ် ကို baby အဖြစ်ပြန်ပြောင်း ပြီး စုံစမ်းစေခိုင်းပါတော့တယ် Acorn Center မှာ တက်ဒ် က သူ့သမီးလေး Tabitha နဲ့ အတန်းတူတက်ရရင်း သူ့သမီးလေးရဲ့ အားနည်းနေတဲ့ အရာကို ကျော်လွှားနိုင်အောင်ကြီုးစားပေးရင်း ဒေါက်တာအမ်စထရောင်းရဲ့ အကြံတွေ ပလန်တွေကို ဖျက်စီးဖို့ကြိုးစားကြရင်း မိသားစုရဲ့ အချစ် ညီအကို ၂ ယောက်ရဲ့ အချစ်တွေကို ဖော်ကြူးပေးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ကျတော့်ရဲ့ Rating ကတော့ 7/10 ပါ
တချို့ ကတော့ Luca လောက် မကောင်းဘူးပြောကြပေမယ့် ကျတော့် အတွက်ကတော့ ကောင်းတဲ့ အထဲမှာပါပါတယ် Luca က Emotional ပိုဖြစ်ရပေမယ့် Boss Baby 2021 က ကျတော့်လို ကလေးကြီးအတွက် ပိုပြီးပျော်ရွှင်ရစေလို့ပါ ပြီးတော့ Ted ရဲ့ Boss Baby စတိုင်ကို အရမ်းကြိုက်တဲ့ Personal Feeling ကြောင့်ေရာကြောင့် Luca နဲ့ Rating တူတူထားပေးလိုက်တာပါ
စာသားလေးတွေထဲကမှ Divided we fall , Together we stand ကတော့ ကျတော့်တို့အခု ဖြစ်ပျက်နေတဲ့ ကာလအတွက် ပြီးပြည့်စုံတဲ့ စာသားလေး ဖြစ်ပါတယ် အမှားတွေကို လက်ခံဖွင့်ပြောရင်း တစ်ယာက်နဲ့ တစ်ယောက် ရင်ဖွင့်ကြရင်း ဝေးကွာနေတဲ့ နှလုံးသားတွေ ပြန်နီးစပ်ဖို့ ကြိုးစားကြတာကလည်း ဒီကားလေးရဲ့ အနှစ်သာရလေးတစ်ခုပါပဲ လို့ ပြောရင်း အဆုံးသတ်လိုက်ပါတယ်
Comments
Post a Comment