Black Widow 2021 အကြောင်း

 



IMDb - 7.0
Rotten Tomatoes - 80%

ဒီနေ့ မှာတော့ အမဲရောင် မုဆိုးမကြီးအကြောင်း ပြောပြပေးသွားမှာပါ  Marvel ရဲ့ စူပါဟီးရိုး ဇာတ်ကောင်တွေထဲက မှ End Game ထဲမှာ Soul Stone ယူရင်း Sacrifice လုပ်ပေးခဲ့ တဲ့ Black Widow ရဲ့  ဘဝဇာတ်ကြောင်းလေးနည်းနည်းပြောရင်း အက်ရှင်ရိုက်တဲ့ Solo Movie ပါ 

ကျတော်တို့ နောက်ထပ် စကားလက် ဂျိုဟန်ဆန်ကို Black Widow အနေနဲ့ မြင်ရတော့မှာ မဟုတ်လောက်တော့ တဲ့ အတွက် ဒီကားကို တခြားဇာတ်ကားတွေထက်ကို ပိုခံစားပြီး ကြည့်ခဲ့ ပါတယ် 

ဆိုတော့ အများပြောနေတဲ့ Failed လား မFailed လားဆိုတဲ့ မေးခွန်းကိုဖြေရရင်တော့ လုံးဝမ Failed ဘူးပဲ ဖြေပါရစေ ကျတော့် အတွက်ကောင်းမွန်လို့ပါ

ဇာတ်အိမ်ကိုတော့ Avengers Civil War အပြီး  Sakovia Accord ကြောင့် ဝရမ်းပြေးအဖြစ်ထွက်ပြေးနေရတဲ့ အချိန်ကနေ စပေးထားတာပါ နာတာရှာတစ်ယောက် ရှောင်ပုန်းနေရင်း ကျတော်တို့ကို အရင် Avengers Movies တွေမှာ တစ်စတစ်စ ပြပေးခဲ့ တဲ့ နာတာရှာရဲ့ အတိတ်ဘဝ အကြောင်းလေးတွေကို ပြည့်ပြည့် စုံစုံ တင်ဆက်ပေးထားတာပါ အဓိကကတော့ Red Room လို့ခေါ်တဲ့ နေရာအကြောင်းအခြေခံပြီး ACTION Movie ဆန်ဆန်ရိုက်ကူးပေးထားတာပါ Super Power မရှိတဲ့ အတွက် Action ဆန်ဆန်ပဲ ရိုက်ပြထားတာကို ကျတော်ကတော့ အပြစ်မမြင်ပါဘူး သို့ပေမဲ့ Super hero ဇာတ်လမ်းဆန်ဆန်တော့ မြင်တွေ့ရမှာ မဟုတ်ပါဘူး


ကျတော့် အမြင် ( ဉာဏ်မှီသလောက်သာရေးထားပါတယ်)

Spoilers Alert ..............

-

-

-

- Natasha ရဲ့ ငယ်ဘဝလေးနှင့်အတူ natasha တို့ကို မွေးစားခဲ့ တဲ့ မိသားစုကို မိတ်ဆက်ပေးပါတယ် နာတာရှာရဲ့

ညီမလေးအဖြစ် Yelena ,

အမေအဖြစ် Black Widow Malena  ,

 အဖေ အဖြစ် Red Guardian Alexei

 တို့ အရေးပေါ် ပြောင်းရွှေ ရဖို့ အတွက် ထွက်ပြေးကြရရင်း လွတ်မြောက်သွားပြီး Natasha နှင့် Yelena တို့ Black Widow တွေအဖြစ် ဖြတ်သန်းဖို့ စတင်လာခဲ့ ကြတာပါ အဲ့နောက်မှ Main Villain ဖြစ်တဲ့ 




Dreykov နဲ့ Dreykov's Special Project လို့နာမည်ရတဲ့ Taskmaster တို့ ကို 

အနိုင်ယူကြပြီး Red Room ကိုချေမှုန်းတဲ့ အကြောင်းပါ

ဇာတ်အိမ်မှာ ရှုပ်ယှက်ခတ်နေတာ မဟုတ်လှတဲ့ အတွက် များများစားစား ရေးမပြတော့ပါဘူး ကိုယ်တိုင်သာကြည့်လိုက်ကြပါ :3 

အဓိကတစ်ခုကတော့ Post Credit Scene ပါ ကျတော်တို့ ပူပူနွေနွေး Falcon and Winter Soldier ထဲက Miss Hydra  က Yelena ကို Natasha သေရတာအတွက်အပြစ်ရှိတဲ့ သူဆိုပြီး Clint ပုံကြီးပြရင်း ပြီးဆုံးသွားခဲ့ ပါတယ် ဆိုတော့ Hawkeye နဲ့ ချိတ်မယ် ထင်ပါတယ် ပိုပြီးစိတ်ဝင်စားတာကတော့ Yelena အနေနဲ့ Next Black Widow ဖြစ်နိုင်လောက်လားဆိုတာပါပဲ 

အားလုံး ပြောနေကြတဲ့အတိုင်း   စူပါဟီးရိုး ဇာတ်ကားအနေနဲ့ တော့ အားမရပါဘူး 

အားမရရင် အက်ရှင်ကားအနေနဲ့ကြည့်ပါလို့ပဲပြောချင်ပါတယ်

ကျတော်ကတော့  Yelena လေးကြည့်ရယုံနဲ့ တင်တန်ပါတယ်လို့ပြောရင်း အဆုံးသတ်လိုက်ပါတယ်

ကျတော့် Rating ကတော့ 7/10


Comments

Popular posts from this blog

Sardar Udham အိန္ဒိယတော်လှန်ရေး ကားကောင်းတစ်ခု

Finch 2021 အကြောင်း

Hunter x Hunter သို့မဟုတ် ကြည့်ရတာ တန်တဲ့ Anime Series