The Father 2020
The Father 2020
Ratings
Rotten Tomatoes-98%
IMDb-8.3/10
Dementia ဆိုတဲ့ ရောဂါ ခံစားနေရတဲ့ လူအို အဘိုးကြီး နေရာကနေ ဝင်ရောက်ခံစား ကြည့်ရှ့ ရမယ့် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်
Dementia is a general term for loss of memory, language, problem-solving and other thinking abilities that are severe enough to interfere with daily life. Alzheimer's is the most common cause of dementia.
စိတ်ရောဂါသည်ယေဘူယျအားဖြင့်မှတ်ဥာဏ်ဆုံးရှုံးခြင်း၊ ဘာသာစကား၊ ပြဿနာဖြေရှင်းခြင်းနှင့်နေ့စဉ်ဘ၀ကို ၀င်ရောက်စွက်ဖက်ရန်လုံလောက်သောပြင်းထန်သောအခြားစဉ်းစားတွေးခေါ်နိုင်စွမ်းစွမ်းရည်ဖြစ်သည်။ အယ်လ်ဇိုင်းမားစိတ်ရောဂါဖြစ်ပွားမှုအများဆုံးသောအကြောင်းရင်းဖြစ်သည်။ By Google Translate
ဇာတ်ကားကောင်းချက်ကတော့ ကြည့်နေရင်း ကို ကိုယ်ပါ Dementia ရောဂါ ခံစားနေရ သလိုမျိုး ဖြစ်စေလောက်အောင်ကို Director Florian Zeller ကရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်
Oscar Nominations ဝင်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင် မင်းသားကြီး Anthony Hopkins အနေနဲ့ Best Actor ဆုရရှိ ခဲ့ပါသေးတယ်
What I Felt From The Movie
(ဉာဏ်မှီသလောက်သာရေးထားပါသည်) With A Few Spoilers!!!!!!!!!
ဇာတ်ကား တစ်ခုလုံးကို သေချာ ခံစား ကြည့်လိုက်ရင် မိမိအနေနဲ့ သို့မဟုတ် မိမိရဲ့ မိဘတွေ အသက်ကြီးသွားတဲ့ အခါမှာ ဒီလိုရောဂါမျိုးသာ ခံစားရမယ်ဆို ရင် မိမိ အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ ဒါမှမဟုတ် မိမိကိုယ်တိုင်သာ ခံစားရမယ်ဆိုရင်ရော ဘာတွေအလိုရှိမလဲ ဆိုတဲ့ အတွေးဟာ ဝုန်းခနဲ ဆိုသလို ဖြစ်ပေါ်လာမှာပါ
အန်သိုနီ ဟော့ကင်းရဲ့ သရုပ်ဆောင် ချက်နဲ့ရောကြောင့် တကယ်ဖြစ်နေလို ခံစားရစေမှာပါ
အိုမင်းနေတဲ့ ဖခင် တစ်ယောက် အနေနဲ့ ချစ်ရတဲ့ သမီးက သူ့ အပေါ်ကို အချစ်လျော့သွား မှာကိုကြောက်ရတဲ့ စိတ်တွေ မှတ်ဉာဏ်တွေ ပျက်စီး လာမှုကြောင့် စိတ်စွဲလာတဲ့ သမီးရဲ့ယောက်ျားရဲ့ အမြင်မကြည်မှုတွေခံစားရတဲ့ စိတ်တွေက တစ်ကြောင်း စိတ်ထင်ယောင် ထင်မှားဖြစ်တာတွေ ဇာတ်ကောင်တွေ ပြောင်းလဲ ရှုပ်ယှက်ခက် မှုတွေ ရှုပ်ထွေးလာစိတ်တွေ စတဲ့ စိတ်အခြေအနေ မျိုးစုံကို ကြည့်ရှု့သူတွေခံစား လာရမှာပါ
Scene တစ်ခုနဲ့ တစ်ခု အပြောင်းအလဲလေးတွေမှာကို Memory Loss ဖြစ်နေတာက ကိုယ်ကိုတိုင် ဖြစ်သွားသလိုကို ရိုက်ပြထားတာကြောင့် Movie တစ်လျှောက်လုံးကို မသေချာမရေရာမှုတွေကို အပြည့်အဝ ခံစားသွားရစေမှာ အာမခံပါတယ်
Scenes တွေကိုသေချာ ကြည့်မယ်ဆိုရင် ပစ္စည်းအသေးစိတ်လေးတွေကအစ ပြောင်းလဲနေတာကိုတွေ့ရမှာပါ ဒါဟာ အန်သိုနီ ရဲ့ မှတ်ဉာဏ်အခြေအနေတွေကြောင့်မို့ ဖြစ်ပါတယ်
ဇာတ်သိမ်းခါနားနီး Scene လေးတွေမှာတော့ အသေအချာလေး ကြည့်ရင်း ဇာတ်ကားအပြီး ပေးတဲ့ Message လေးတွေကို မိမိတွေးတတ်သလိုဖော် ကြည့်နိုင်ရင် ဇာတ်ကားက ကျတော့်အတွက်တော့ အစ အလယ် အဆုံး အားလုံး အပြစ်အနာအဆာ မမြင်ရလောက်အောင်ကို ကောင်းပါတယ်
ကျတော်ခံစားရတာကတော့ ဇာတ်သိမ်းက Positive Ending မျိုး လုံးဝ တွေးကြည့် လို့မရပါဘူး
အရာရာတိုင်း အိုမင်းကြရမယ် ဆိုတဲ့ အချက်ကတော့ အားလုံး သိကြမှာပါ
"Losing all my things, everyone's just helping themselves.If this goes on much longer , I'll be stark naked." Anthony
နောက်ဆုံးမှာတော့ အန်သိုနီတစ်ယောက် လူအိုရုံမှာ သူနာပြုတစ်ယောက်နဲ့ ဝမ်းနည်းစရာ စကားတွေ ပြောကြရင်းနဲ့ သစ်ရွက်တွေ စိမ်းစိုနေတဲ့သစ်ပင်တွေကို ရိုက်ပြကာ ပြီးဆုံးသွားပါတယ်
အကြိုက်ဆုံး Scene ကတော့ အန်သိုနီ လို အဘိုးကြီးက ကလေးတစ်ယောက်လို့ သူ့အမေကို အော်ငိုခေါ်တဲ့ အခန်းကတော့ ကျတော်အတွက် တကယ့် အကောင်းဆုံး scene ပဲဖြစ်ပါတယ်
ကျတော်ကြိုက်တဲ့ နိုင်ငံခြား Reviewer တစ်ယောက်ရဲ့ အရေးအသားကတော့
The film is a beautiful portrayal of ‘how things become. An act of becoming. Like some kids are born in an orphanage, some parents become orphans too.’
ဆိုတော့ နည်းနည်းလေးလည်း စာရှည်နေပါပြီ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်
တကယ်က ကောင်းလွန်းလို့ ပြောလို့ကို မကုန် နိုင်ပါဘူး :P
ကျတော့်ရဲ့ Rating ကတော့ 9/10 ပါခင်ဗျာ

Comments
Post a Comment