Record Of Ragnarok Season-1

Record of Ragnarok (終末のワルキューレ, Shūmatsu no Warukyūre, lit. "Valkyrie of the End"),


 ဒီနေ့ ပြောပြပေးမှာကတော့ Record Of Ragnarok Season 1 အကြောင်းပဲဖြစ်ပါတယ်

IMDb-6.2/10 

Rotten Tomatoes-69%

ဇာတ်လမ်းရဲ့ Plot လေးကို အနည်းငယ် ပြောပြပါမယ် 

နှစ်ပေါင်း ၁၀၀၀ ပြည့်တိုင်း နတ်ဘုရားတွေက လူသားတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးဖို့ အစည်းအဝေးပွဲ ကျင်းပပါတယ်

လူသားတွေရဲ့ အကျင့် ဆိုးတွေ လောဘတွေ ကြောင့် လူသားတွေကို ရှင်းလင်းပစ်ဖို့ ဆုံးဖြတ်ကြပါတယ် အဲ့အချိန်မှာ နတ်ဘုရားသွေးနှောတွေဖြစ်တဲ့ Valkyrie 13 ဦးထဲက တစ်ယောက်ဖြစ်တဲ့ Brunhildမင်းသမီး က လူသားတွေကို Extinction တန်းလုပ်မယ့်အစား လူသားတွေ ရဲ့ ထိုက်တန်မှုကို ပြသနိုင် ဖို့ နတ်ဘုရားတွေနဲ့ လူသားတွေ 1 vs 1 ၁၃ ပွဲ တိုက် ခိုက်ကာ ၇ ပွဲ အနိုင်ရတဲ့ ဘက်က အလိုရှိတာကို လုပ်ဆောင်ပေး ဖို့ အဆိုတင်သွင်း ခဲ့ပါတယ်
အဲ့ အချိန် နတ်ဘုရားတွေ အကုန်လုံးက ဝိုင်းရီရင်း မိုက်လိုက်တာ သမီးတော်ရယ် ခနဲ့ နေတော့ ဘာလို့လဲ လူသားတွေကို ရှုံးမှာ ကြောက်လို့လား ဘာညာ လေတိုက်လိုက်တော့ နတ်ဘုရားတွေ တင်းသွားပြီး အိုခေ ချကြတာပေါ့ဆိုပြီး လူနဲ့ နတ်ဘုရားကြားက တိုက်ပွဲ Ragnarok ပေါ် ပေါက်လာပါတော့တယ် ဒီတိုက်ပွဲမှာ နတ်ဘုရားတွေဘက်က အတော်ဆုံး ၁၃ ယောက်နဲ့ လူသားတွေဘက်က  အတော်ဆုံး ၁၃ ယောက် တိုက်ခိုက်ဖို့ ဖြစ်လာတဲ့ အကြောင်း ဖြစ်ပေါ်လာပါတော့တယ်


My Opinion {ကျတော်ဉာဏ်မှီသလောက် သာရေးထားပါတယ်}
Spoiler တွေပါပါမယ်...........နည်းနည်းပါ.........


အရမ်းမျှော်လင့်ခဲ့ပေမဲ့ ထင်သလောက် မကောင်းခဲ့ပါဘူး မကောင်းဘူးလို့ တထစ်ချပြောတာမဟုတ်ပါဘူး ဒါပေမဲ့ အရမ်းမကောင်းပါဘူး :3 ကျတော် မကြိုက်ဆုံးကတော့ Animation ပါ အရမ်းခိုထားတယ် မြင်ပါတယ်........
Season 1 မှာတော့ တိုက်ပွဲ ၃ ပွဲ ပြထားပါတယ် တချို့ကတော့ Netflix က Manga ကောင်းတွေ ကို ဖျက်ဆီးပစ်နေတယ်တောင်ပြောကြပါတယ်
၃ ပွဲထဲနဲ့ ၁၂ ပိုင်းဆိုတော့ နည်းနည်းတော့လွန်ပါတယ် ဆိုတော့ Battle 1 ခု ၁ နာရီလောက် ကြာနေလို့ လို့ ထင်ကြပါလိမ့်မယ် တကယ် က မဟုတ်ရပါဘူးဗျာ Fighters တွေရဲ့ ဇာတ်ကြောင်းတွေ ကို တိုက်ပွဲ အတွင်းမှာ စမြုံ ပြန်နေလို့ ပါ တကယ်က Battle ၁ ခုကို အများဆုံး မိနစ် ၂၀ လောက်ပါပဲ လူသားနဲ့ နတ်ဘုရားဆိုတော့ ပါဝါ အရမ်းကွာမယ် ထင်ပါလိမ့်မယ် အဲ့လောက် အကွာကြီးမဟုတ်ပါဘူး Valkyrie 13 ယောက်ကလည်း လူသား ၁ ဉီး ချင်းစီကို ကူညီပေးပါသေးတယ်
 ဆိုတော့ Battle ပွဲစဉ် လေးတွေကို ပြောပြပေးပါမယ် 

NO 1; မိုးကြိုးနတ်ဘုရား သော် နဲ့ အားလုံးသိတဲ့ စစ်သူကြီး လီပုပါ


Thor ကတော့ MCU ထဲကလို အရမ်းမတူပေမဲ့ သင့်ကိုစိတ်ပျက်စေမှာမဟုတ် ပါဘူး Mjöllnir (မျော်နီယာ) ကသင်တို့ခန့်မှန်းတာနဲ့ တော်‌တော်လေးကွဲပါတယ် ကျတော်ကတော့ ပိုမိုက်တယ် ထင်ပါတယ်



Lui Bu ကလည်းရှယ်ပါပဲ ကမ္ဘာပေါ်မှာ သူနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်မရှိလို့ အသေခံတဲ့ လူသားပါ
၂ ယောက်လုံးရဲ့ ဇာတ်ကြောင်းတွေကို ဖော်ပြတာလည်း အတော်လေးကောင်းပါတယ် 


Battle အကြောင်းတွေတော့ မပြောတော့ပါဘူး

2nd Bout ကတော့ လူသားမျိုးနွယ် ရဲ့ ဖခင် Adam နဲ့ နတ်ဘုရားမျိုးနွယ်ရဲ့ ဖခင် Zeus တို့ပဲဖြစ်ပါတယ်
ဒီ battle ကတော့ ၃ ခုလုံးထဲမှာမှ ကျတော် အကြိုက်ဆုံးပါပဲ 



ကျတော်ပြောရင် ဒီ Battle ရဲ့ အရသာပျက်မှာစိုးလို့ မပြောတော့ပါဘူး
Adam အနေနဲ့ God ရဲ့ Move တွေကိုတောင် Copy လုပ်နိုင်တဲ့ အစွမ်းရှိပါတယ်













အာဒံ ရဲ့ Creation ပုံပါ








Zeus ကတော့ ရှယ်ကြီးကိုကြမ်းပြတာပါ  သို့ပေမဲ့  Animation ကို အားမရတာကြောင့် တော်တော်လေးစိတ်ပျက်ရပါတယ် 






ဒီ Battle အပြီးမှာတော့ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်
3rd Bout ကတော့ Poseidon နဲ့ Sasaki Kojiro ပဲဖြစ်ပါတယ် ဒီပွဲကတော့ လူသားတွေအတွက် မျှော်လင့်ချက် ပြန်သမ်းလာတဲ့ ပွဲ ပဲဖြစ်ပါတယ်



Poseidon ကိုတော့ ရေနတ်ဘုရားလို့ သိကြပြီး တခြား God တွေတောင်ကြောက်ကြပါတယ် ကြောက်ကြရတဲ့ အကြောင်းအရင်းကိုလည်း ဖော်ပြသွားပါတယ် 


Sasaki ကတော့ ဂျပန်ရဲ့ နာမည်ကြီးဒါးသမားပါ  ပိုသိချင်ရင်တော့ ထပ်ရှာဖတ်ကြည့်ပါ Anime ထဲကနေပဲ လုံလောက်တယ်ထင်ပါတယ်




ဒီ ၃ ပွဲနဲ့ပဲ Season 1 ကတော့ ပြီးဆုံးသွားပါတယ်  Season 2 အမြည်းအနေနဲ့ နောက်လာမယ့်ပွဲရဲ့  ္Fighter ၂ ယောက်ကိုလည်း ပြသွားပါတယ် Jack The Ripper နဲ့ Hercules ပဲဖြစ်ပါတယ်




Season 1 ကိုတော့ အရမ်းအားမရပါဘူး Anime ရဲ့ Animation ကို အများကြီးမျော်လင့်တာ မဟုတ်ပေမဲ့ ဒီထပ်တော့ အများကြီးလုပ်ပြရသေးတယ် ထင်ပါတယ် Series က ကောင်းပါတယ် သို့ပေမဲ့ အားနည်းချက်တွေက ဒုနဲ့ ဒေး ပါပဲ
Anime ဖန်တွေအနေနဲ့ အပျင်းပြေစရာ အနေနဲ့ ဆိုရင်တော့ Season 1 က ပြည့်စုံပါတယ် အများကြီးတော့ မမျော်လင့် ထားပါနဲ့  Plot နဲ့ Battle တွေကလည်း တကယ်ကောင်းမွန်ပါတယ် မကောင်းတာကတော့ ဟင်းဟင်းပါ Gods တွေ အတော်စုံပါတယ် Manga အရ Buddha ပါပါမှာပါ တဖက်ပိတ် Buddhism တွေတော့ မကြည့်ကြပါနဲ့  အချို့အရာတွေကိုတော့ ဇာတ်ကားကို ဇာတ်ကားလိုပဲခံစားပေးပါ ပိုပြည့်စုံပါလီမ့်မယ်

ဒါကတော့ Aphrodite ဂရိနတ်ဘုရားမပါ
ဟွင်းဟွင်း ဘေးက ၂ ကောင်အစား ကျတော့်ကိုခေါ်ပါ:3

ကျတော့် Rating ကတော့ 6/10 ပါ
အရမ်းအားမရပါဘူး သို့ပေမဲ့ ကြည့်ကောင်းတဲ့ထဲ မှာပါပါတယ် အန်းနီးမဲ ဖန်တို့ရေ








Comments

Popular posts from this blog

Sardar Udham အိန္ဒိယတော်လှန်ရေး ကားကောင်းတစ်ခု

Finch 2021 အကြောင်း

Hunter x Hunter သို့မဟုတ် ကြည့်ရတာ တန်တဲ့ Anime Series