Minari 2020 အကြောင်း

MINARI 2020
Ratings
Rotten Tomatoes - 98%
IMDb - 7.5/10
Metacritic - 89% အသီးသီးရရှိထားပါတယ်

ဇာတ်လမ်းရဲ့ Storyline ကတော့ အမေရိကန်ရဲ့  Arkansas ကို ‌ ပြောင်းရွှေ့ နေထိုင်တဲ့ ကိုရီးယား မိသားစု တစ်ခုရဲ့ ဘဝအ‌‌ခြေအ နေလေးကို သေသေချာချာ ခံစားရိုက်ပြထားတာပါ
ဇာတ်ဆောင်မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူရဲ့ အိမ်မက်ကို အကောင်အထည် ဖော်ကြရင်း တွေ့ကြုံရမယ့် အခက်အခဲတွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်လမ်း ကောင်း လေး ပဲ ဖြစ်ပါတယ်
Oscar Nominationsများစွာ ဝင်ခဲ့ပြီး 
မင်းသမီးကြီး Youn Yuh-jung အနေနဲ့ 
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ် 
ဆိုတော့ Oscar nominations ဝင်တဲ့ ဇာတ်ကားတစ်ခုဖြစ်တဲ့အတွက် တကယ် ကြည့်ရတာ ကောင်းမွန်လှပါတယ်


What I felt from  the movie(ဉာဏ်မှီသလောက်သာရေးထားပါသည်)
With a little Spoilers!!!!

ဇာတ်ကားထဲမှာ သာမန်‌‌ တွေ့ဖူးနေကြတဲ့ မီးက အဖျက် ရေက ပြန်ကောင်း စေတဲ့ သဘောတရားကို ပြောင်းပြန် အနေအထားမျိုးခံစားရပါတယ်
ရေကြောင့် တဖြည်းဖြည်း ဒုက္ခရောက် ရတာမျိုးစုံကို ဖော်ပြထားပါတယ် ညအိပ်နေရင်း သေးပေါက်ချတာမျိုး‌ တွေရော ရေနှင့်ဆိုင်သမျှ မကောင်းတဲ့ အနေအထား တွေကို ဖြစ်စေတာ တွေ တွေ့ရပါတယ်
နောက်ဆုံးမီးက ဘဝကို ဖျက်စီးလိုက်တယ် ထင်ရပေမဲ့ ဇာတ်သိမ်းကို  သေချာ ခံစားကြည့်ရင် တော့ မီးကြောင့် Regeneration ဖြစ်သွားသလိုခံစား ရစေမိပါတယ် 
Minari လို့ခေါ်တဲ့ အပင်လေး‌ တွေနဲ့ ဇာတ်ကားအကြောင်းကို တော့ ကြည့်ရှု့သူကိုယ်တိုင် ခံစားကြည့်တာက ပိုပြီး အနှစ်သာရ ခံစားရပါလိမ့်မယ်

ဇာတ်ကားက Drama, Comedy, philosophy, အပနှင်ခြင်း, မျှော်လင့်ချက်, လောကဓံ, မိသားစု , စသဖြင့်ကို အဓိပ္ပာယ်များစွာ ဖော်ကြူးထားတဲ့ ဇာတ်ကား ကောင်းဖြစ်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်
တချို့ဇာတ်ဝင်ခန်းလေးတွေကလည်း ရိုးရှင်းသလောက် အရမ်းကောင်းမွန်လှပါတယ်....

ကျ‌ တော့်အ နေနဲ့ တော့ rating 8/10ပေးချင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်
ကျတော့်ရဲ့ Rating systemကိုတော့ တစ်နေ့ မှာ သေချာ ဖော်ပြသွား ပေးပါမယ်

Comments

Popular posts from this blog

Sardar Udham အိန္ဒိယတော်လှန်ရေး ကားကောင်းတစ်ခု

Finch 2021 အကြောင်း

Hunter x Hunter သို့မဟုတ် ကြည့်ရတာ တန်တဲ့ Anime Series