ဒီနေ့ ပြောပြ မှာကတော့ Luca 2021 အကြောင်း ပဲဖြစ်ပါတယ်
IMDb - 7.6/10
June 16 နေ့က စတင်ထုတ်လုပ် ခဲ့ တာပါ
အမျိုးအစား ကတော့ Fantasy ,Comedy ,Drama Animation အမျိုးအစား ဖြစ်ပါတယ်
Pixar Animation Studios ကထုတ်လုပ်ပြီးတော့ Walt Disney ကနေ ဖြန့်ချီခဲ့ပါတယ်
Disney အနေနဲ့ကတော့ Oscar ကိုသူတို့ပဲယူမယ်လို့ စိတ်ကူးထားပုံရပါတယ် ဘာလို့ဆို နှစ်တိုင်း ရှယ်တွေပဲထုတ်ပြနေတာပါ
ဆိုတော့ ဘာညာများပြီဆိုတော့ ဇာတ်လမ်းအကြောင်း စကြရအောင်
ဇာတ်လမ်းလေးကတော့ Luca ဆိုတဲ့ ရေသူထီးလေးရဲ့ ဇာတ်လမ်းလေးအကြောင်းပါ လူကာလေးတို့က လူတွေနဲ့ နည်းနည်းဝေးတဲ့ ပင်လယ်အောက်ခြေအောက်မှာ နေကြတဲ့ ရေသူထီးရေသူမ မျိုးစိတ် တွေပါ လူတွေကတော့ သူတို့ကို Sea Monsters တွေလို့ခေါ်ကြပြီး ဖမ်းစီးသတ်ဖြတ်ကြတယ်ကြောက်ကြပါတယ် လူကာလေးက မိဘစကား နားထောင်တဲ့ သားလိမ္မာ လေးပေါ့ လူကာတို့ မျိုးစိတ်တွေကလည်း လူသားတွေကို ကြောက်ကြလို့ သူတို့နဲ့ နီးရာကိုမသွားကြဖို့ တားမြစ်ပါတယ် တားမြစ်တဲ့ အရာကို မှ လုပ်ချင်ကြတဲ့ သဘောပေါ့ဗျာ ဒီလိုနဲ့ တစ်နေမှာ လူကာလေး ငါးကျောင်း နေတုန်း ထူးဆန်းတဲ့ လူအသုံးအဆောင် ပစ္စည်းလေးတွေကိုတွေ့လို့ လိုက်ကောက်နေရင်း Alberto လို့ခေါ်တဲ့ ကုန်းပေါ်မှာနေတဲ့ သူ့ဝန်းကျင် အရွယ် ရေသူထီး ကောင်လေးတစ်ယောက်နဲ့ တွေ့ကြရင်း ကုန်းပေါ်တက်ခဲ့ဖို့ အကြောင်းဖန်လာပါတော့တယ် ရေသူထီး ရေသူမတို့ ထုံးစံအတိုင်း ကုန်းပေါ်ရောက်ရင် ရေယက်တွေ အမှီးတွေက ခြေထောက်တွေ လက်တွေ ပြောင်းကုန်ပါတယ်ကုန်းပေါ်ကို စတက်တုန်းကကြောက်ပေမဲ့ တဖြည်းဖြည်း Alberto နဲ့ ပျော်ရွှင်လာပါတော့တယ် Vespa လို့ခေါ်တဲ့ စကူတာကို စမြင်ပြီး အရူးအမူးစွဲလမ်း သွားပါတယ်
လူကာရဲ့ မိဘတွေကလည်း လူကာလေး ခြေလှမ်းတွေပျက်နေတာလို့ သတိထားမိတဲ့ အတွက် လူကာကို လူတွေနဲ့ ဝေးတဲ့နေရာကိုထားဖို့ သူ့ဦးလေးနဲ့ Deep Water ဆိုတဲ့ နေရာမှာထားဖို့ စီစဉ် ကြတော့ လူကာအနေနဲ့ လူတွေနေတဲ့ မြို့ဆီ Alberto နဲ့ အတူ ထွက်ပြေးကြပါတော့တယ် အဲ့ မြို့မှာ Ercole Visconti ဆိုတဲ့ Portorsso Cup ရဲ့ ငါးကြိမ်ဆက် ချံပီယံ ရဲ့ Vespa ကိုမြင်ပြီး သူတို့လဲ လိုချင်သွားပြီး ပေါတိုရိုဆို ပြိုင်ပွဲကို ပြိုင်ဖို့ ဖြစ်လာပါတော့တယ် Giulia ဆိုတဲ့ (ပေါတိုရိုဆို ဖလားပွဲတိုင်း အန်လွန်းလို့ Spewlia ဆိုပြီးကို နာမည်ပြောင် ရထားသူပါ) ကောင်မလေးရဲ့ အိမ်မှာနေရင်း ပြိုင်ပွဲအတွက်လေ့ကျင့်ရင်း ဘာတွေဆက်ဖြစ်မလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ကြရမှာပါ
တချို့ကတော့ ဒီကားက BL ကားဆိုပြီး ဘာညာ ပြောနေကြပေမဲ့ ကျတော်ကတော့ အဲ့လိုမတွေးလို့လားတော့ မသိပါဘူးဗျာ ရိုးရိုးရှင်းရှင်း နဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း နှစ်ယောက်ကြား နောက်ထပ် ချစ်ရမယ့်သူငယ်ချင်း တစ်ယောက်ဝင်လာတယ်လို့ပဲ ခံစားရပါတယ်
ရလိုက်တာကတော့ တကယ်များပါတယ် ဒါပေမဲ့ Soul လောက်တော့ မကောင်းဘူးထင်ပါတယ် စိတ်မဆိုးကြပါနဲ့ :(
ဒီနှစ်အတွက်လည်း ဒစ်စနေ က တာဝန်ကျေပြန်တယ်ပဲ ထင်ပါတယ်
ကျတော်တို့ရဲ့ အသက်အရွယ်တွေကိုမေ့ပြီး ကလေးဘဝမျိုးလေးခံစားလိုသူတွေ အတွက် တကယ်ကောင်းတဲ့ ကြည့်သင့်ဇာတ်ကားလေးပါလို့ပြောရင်း ပဲ အဆုံးသတ်လိုက်ပါတော့မယ်
ကျတော့် Rating ကတော့ 7/10 ပါ
Spoilers Contain (Screenshots)



















Comments
Post a Comment