Loki Season 1 Episode 1

အားလုံးပဲ မင်္ဂလာပါ
ဒီနေ့ မှာတော့ Marvel ရဲ့ Phase Four ရဲ့ တတိယမြောက် Loki Seriesရဲ့ ပထမ Episode အကြောင်း ကျတော်ဉာဏ်မှီ သလောက် ပြောပြပေး သွားမှာပါ


WandaVision  နဲ့ The Falcon And Winter Soldier တို့တုန်းကတော့ အတော်လေး ကောင်းခဲ့တဲ့ အတွက် Loki လို Dead ဖြစ်သွားတဲ့ Character ရဲ့ Solo Series ကိုအတော်လေးယုံကြည် မျှော်လင့် ထားပါတယ်



First Episode မှာတင်ကိုပဲ အတော်လေးကောင်းနေတယ်လို့ ကျတော်ကတော့မြင်ပါတယ်

ဆိုတော့ စလိုက်ကြ ရအောင်ဗျာ



စီးရီး အစကိုတော့ End Game ရဲ့ Scene တစ်ခုဖြစ်တဲ့ 2012 New York City Battle အပြီး Tony ,Cap နဲ့ Ant Man တို့ Tesseract ကိုသွားယူရင်း Loki က Tesseract နဲ့ လွတ်မြောက်သွားတဲ့ နေရာက အစပြုထားပါတယ်
ဒီ နေရာက စမယ်ဆိုတာကလည်း Series Trailer စထွက်ကတည်းက အားလုံးခန့်မှန်းထားတဲ့ အတိုင်း ဖြစ်ပါတယ်



Marvel Studio ရဲ့ Intro ကိုလည်း Loki Series အတွက် အစိမ်းရောင် Theme ကိုသုံးပေးထားပါတယ်



ဆိုတော့ Tesseract နဲ့ အတူ ရောက်သွားတဲ့ နေရာက မွန်ဂိုလီးယား GOBI သဲကန္တရထဲ ရောက်သွားပါတယ်
ပြီးတော့ မြင်ရတဲ့ Scene ကတော့ Iron Man ရဲ့ စတိုင်မျိုးဖြစ်ပါတယ်





အဲ့နောက်တော့ မွန်ဂိုလီးယား လူတစ်ချို့ နဲ့တွေ့တဲ့ အခါ ထုံးစံအတိုင်း I am Loki of Asgard ဘာညာ အယ်လယ်နေတုန်း ဝတ်စုံတွေနဲ့ Minute Men ၃ယောက်က တက်ဆာရက်နား Portal တစ်ခုနဲ့ ရောက်လာပါတယ် နောက်တော့ ဒီစီးရီးရဲ့ အဓိက Character တွေထဲက တစ်ယောက်လို့ ယူဆရတဲ့ ဝတ်စုံနဲ့ Minute Woman ကြီး ရောက်လာပါတယ်

      






 Loki ကို Identified ဖြစ်တဲ့ Variant ဆိုပြီး သူတို့က Time Variance Authority ရဲ့ အမိန့်နဲ့ Sacred Timeline ကိုသွေဖယ်တဲ့ ပြစ်မှုလုပ်ထားတဲ့ အတွက် လာဖမ်းရတာ ပါ ဆိုပြီး ပြောပါတယ် လိုကီက ပြန်ကြိတ်မယ်ပြင်တော့ ပါလာတဲ့ ဝါးရင်းတုတ်လို လက်နက်နဲ့ ကြိတ်လိုက်တော့ လိုကီခင်ဗျာ 1/16 Speed နှုန်းနဲ့ လွင့်နေတုန်း ခွေးလည်ပတ် အတပ်ခံလိုက်ရပါတယ် နောက်တော့ အဲ့နေရာရဲ့ အချိန်ကို Reset လုပ်ဖို့ Device တစ်ခုနဲ့ ပြန်ပြင်လိုက်ပါတယ် လက်နက်တွေထဲမှာမှ Minute Woman ကြီးရဲ့ လက်နက် အရောင်ကတော့ တခြား Minute Men တွေရဲ့ လက်နက်နဲ့ အရောင် မတူတာကိုတွေ့ရမှာပါ







အဲ့နောက် TVA ဌာနက Variants တွေကို စာရင်းစစ်တဲ့ နေရာကိုခေါ် သွားပါတယ် သူ့ရှေ့မှာ Variant Skrull တစ်ကောင်ကိုမေးနေတုန်း သူဌေးသား Variantတစ်ကောင်ကိုလည်း ဖမ်းလာပါတယ် loki က ထွက်ပြေးဖို့ ၃ ခေါက်လောက် ကြိုးစားပေမယ့် အချိန်ကို ထိန်းချုပ်ပြရင်း လိုကီ ကို ထွက်ပြေးမရကြောင်း ပြလိုက် ပါတယ်






အဲ့နောက်တော့ အဝတ်အစားလဲစေတဲ့ Funny Scene လေးတွေပြီးတဲ့နောက် Miss Minute လို့ခေါ်တဲ့ဟာက 
ဟိုးရှေးရှေးတုန်းကနဲ့ စပြီး ဘာဖြစ်သွားပါတော့ သတဲ့ ကွယ်ဆိုတဲ့ Story တစ်ပုဒ်ကိုပြောပြပါတယ်

အရင်က ရေတွက်လို့ မရအောင်များတဲ့ Timelines တွေကနေ တစ်ခုထက်တစ်ခု သာဖို့အတွက် Multiversal War ကြီးတစ်ခု ဖြစ်ခဲ့ပါတယ် အဲ့ War ကြီးကြောင့် အကုန်ပျက်စီးခဲ့ရပါတယ် အဲ့နောက်တော့ အလုံးစုံသိမြင်တဲ့ Time-Keepers ကြီးတွေပေါ်လာပြီး Multiverse တွေအားလုံးကို The Sacred Timeline လို့ခေါ်တဲ့ Single Timeline ထဲကိုထည့်လိုက်ပြီး ငြိမ်းချမ်းရေး ယူဆောင်ပေးခဲ့ ပါတယ် အဲ့ Time Keepers ကြီးတွေက အဲ့ Sacred Timeline ထဲက အရာမှန်သမျှကို Protect လုပ်ပေးပါတယ် တစ်ခါတစ်ရံတော့ တချို့ဟာတွေက ပုံမှန်လမ်းကြောင်းကနေ ခွဲထွက်သွားတတ်ပါတယ် အဲ့ လူတွေကို Variants တွေလို့ ခေါ်ပါတယ် အဲ့Variants တွေကို အရေးမယူပဲထားလိုက်ရင် Nexus Event(NEXUS ကို ကျတော်တို့ WandaVision ရဲ့  Scene တစ်ခုမှာ သာမန်ကြော်ညာ တစ်ခုအနေနဲ့ တွေ့ခဲ့ ရဖူးပါတယ်) အဲ့ NEXUS ကနေ အခြားသော Multiverse ပေါင်းများစွာ ဖြစ်ပေါ်လာနိုင်ပြီး နောက်ထပ် War တစ်ခု ဖြစ်ပေါ်လာနိုင်တဲ့ အတွက် အဲ့ အမှားတွေကို ပြင်ပေးဖို့ Time Keepers ကြီးတွေက Time Variance Authority လို့ခေါ်တဲ့ အဖွဲ့ တစ်ခုကို တည်ထောင်ထားခဲ့ပါတယ် အဲ့နောက် TVA ရဲ့ တရားခွင်တက်ရမယ့်အကြောင်းပါပြောသွားပါတယ် 
အဲ့ဒီထိ လိုကီကိုလည်း သော် လိုမျိုး စောက်ပေါကြီးမျိုး ဖြစ်စေခဲ့ပါတယ်
ပြီးတဲ့နောက်လိုကီ Logo ကို ပုံစံမျိုးစုံနဲ့ ပြတာကိုတွေ့ရမှာပါ ဒီကနေစပြီး တိုတိုပဲပြောပါတော့မယ်




အဲ့နောက် Character အသစ်တစ်ယောက် ဖြစ်တဲ့ TVA ရဲ့ အေးဂျင့် Mobius တစ်ယောက် 1549 ခုနှစ် ပြင်သစ်က Minute Menတွေ အသတ်ခံရမှုကို ဖော်ထုတ်နေရင်း ကလေးမလေးတစ်ယောက်ကို ချော့ရင်း ဘယ်သူလုပ်လဲမေးတော့ နတ်ဆိုးပုံတစ်ပုံကိုညွှန်ပြပါတယ်  အဲ့နောက်မှာပဲ လူတစ်ယောက် Loki ရဲ့စာရွက်စာတမ်းတွေ ကိုင်လာပြီး ခင်ဗျားကြည့်ချင်လောက်တဲ့ဟာလို့ပြောရင်း Loki ရဲ့ တရားခွင် Scene ရောက်သွားပါတယ်




တရားသူကြီးက အပြစ်ရှိလား မရှိဘူးလားမေးတော့ လိုကီက သူက Sacred Timeline နဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း ရှိချင်းရှိ Avengers တွေသာရှိမှာပြောတော့ အဗန်းဂျားတွေရဲ့ Time Travelက Supposed  To Happened ဖြစ်ပြီးတော့ သင်ကသာ Your Escaping Was Not ဆိုပြီးပြောတော့ Loki ခင်ဗျာ ရီပြီး ဘယ်သူကများ  မဖြစ်ရဘူး သတ်မှတ်ထားလဲမေးပါတော့တယ် ဘာဘာညာညာ ပြောရင်း အပြစ်ရှိပါတယ် ထွက်ဆိုပြီး အစွမ်းတွေ ထုတ်ဖို့ ကြိုးစားပေမဲ့ မရတော့ တော်တော်လေး အံ့အားသင့်သွားတယ်ထင်ပါတယ်
ဘာလို့မရလဲအော်တော့ TVA မှာမှော် အစွမ်းသုံးမရဘူးလို့ တရားသူကြီးကဖြေလိုက်ပါတယ်
အဲ့နောက် Guilty ဖြစ်ကြောင်း ထွက်ဆိုတဲ့ အတွက် Reset လုပ်ဖို့ အမိန့်ချလိုက် ပါတယ် ရုန်းကန်နေတုန်း Mobius က တရားသူကြီးမကို ဘာညာရှီရှောင် ပြောရင်း လိုကီကို ခေါ်ကာ TVA အကြောင်းပြောရင်း သူ့ရုံးခန်းထဲမှာ Loki ရဲ့ လက်ရှိ နဲ့ အနာဂတ်ကို ပြလိုက်တဲ့ အခါ လိုကီ အံ့အားသင့်သွားပါတယ် အဲ့နောက် ရွှီရှာင် ရိုက်ရင်း ထွက်ပြေးသွားလို့ Minute Men တွေလိုက်ဖမ်းရပါတယ် အဲ့နောက် ကေစီဆိုတဲ့ စောစောကတွေ့ခဲ့တဲ့ ဝန်ထမ်းကို သေချင်လား ဘာညာ ငါးအဖြစ်ပြောင်းမယ် လို့  ခြိမ်းခြောက်ပေမဲ့ ကေစီဆိုတဲ့ TVA ဝန်ထမ်းက ငါးဆိုတာ ဘာမှန်းကို မသိလို့ လိုကီတောင် ရှောက်ခြိမ်းခြောက်လိုက်ပြီး တက်ဆာရက် ပြန်တောင်းပါတယ် ဒါပေမဲ့ အဲ့ဝန်ထမ်းရဲ့ Drawer ထဲက Infinity Stones တွေကြောင့် တော်တော်လေး ကြောင်ပျောက်သွားပါတယ်  



ဝန်ထမ်းက အဲ့ဒါမျီုး အများကြီးပဲ တချို့တောင် စာရွက်ဖိဖို့ သုံးတယ်ဆိုပြီး ပြောလိုက်‌တော့ Loki တင်မဟုတ်ပါဘူး Marvel ဖန် ဘာဖန် ညာဖန် အကုန် မျက်လုံးပြူးသွားကြမှာပါ ကျတော်က ပိုဆိုးပါတယ် Thanos က Stones တွေနဲ့ လာဖျက်ဆီးလို့ အသေအကြေ ကာကွယ်ကြရတဲ့ Avengers တွေအစား အထူးသဖြင့် Tony အစား တကယ်ကို ခံစားသွားရပါတယ် တကယ်ပါ Loki လိုမျိုး တခြား Characters တွေမြင်ရရင်လည်း အတော်လေး ဆွံ့အ ကုန်မှာအသေအချာပါပဲ Lokiလေး ခင်ဗျာ Is this the Greatest Power In The Universe? ဆိုပြီးကို ဖြစ်သွားပါတယ် အဲ့နောက် သူ့အနာဂတ်ကိုကြည့်ရင်း ဝမ်းသာဝမ်းနည်းနေတုန်း Thanos ကလည်ပင်းညှစ်သတ်ခံရတာကို တွေ့ပြီး အတော်လေးတုန်လှုပ်ကြောက်သွားပါတယ်  End of File ဆိုပြီး Film လိပ်ကုန်သွားတာက အားလုံး မရှင်း ဖြစ်နေတဲ့ Loki တကယ်သေမှာလား ပြန်ရှင်မှာလားဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေပဲဖြစ်ပါတယ် မျက်ရည်တွေကျရင်းကို လိုကီ ခဗျာ ဖြစ်နေရပါတယ် အဲ့နောက် Minute Woman ကြီးကို ပညာပြန်ပေးပြီး Mobius နဲ့ထပ်တွေ့ပါတယ်
 "Can't I go back,can I?Back to my timeline" ဆိုပြီးမေးတော့ Mobius တောင်စိတ်မကောင်း ဖြစ်သွားတယ်ထင်ပါတယ် 
"I don't enjoy hurting people" ဆိုပြီး ၂ ခါကို ဖြေလိုက်ပါတယ်
Mobius က 
"Listen,I can't offer you slavation,but maybe i can offer you something better."လို့ပြန်ပြောရင်း Minute men တွေ အသတ်ခံရတဲ့ အမှုကို ကူညီပေးဖို့ လိုကီ အနေနဲ့ ဖြစ်လာပါတော့တယ်




အဆုံးမှာတော့  1858 Salina,Oklahoma မှာ ခေါင်းစွပ်နဲ့ Character(Villainလို့ယူဆရတဲ့သူ) Another Loki က Minute Men တွေကို အကွက်ချပြီးကို သတ်သလို ပုံစံပြပြီး ပြီးဆုံးသွားပါတယ်
Episode 1 အနေနဲ့ကို အတော်လေး ကောင်းတယ်လို့ ကျတော်က‌တော့မြင်ပါတယ် 
8/10 Rating ပေးပါတယ် နောက်အပိုင်းတွေကိုလည်း ဆက်တင်ပေးသွားမှာပါ
Episode ၁ နဲ့ ပတ်သက်တဲ့ ထူးခြားချက်လေးတွေကိုတော့ နောက်ရက်မှာဆက်တင်ပေးသွားပါမယ်




Comments

Popular posts from this blog

Sardar Udham အိန္ဒိယတော်လှန်ရေး ကားကောင်းတစ်ခု

Finch 2021 အကြောင်း

Hunter x Hunter သို့မဟုတ် ကြည့်ရတာ တန်တဲ့ Anime Series